အခန်း (၉၇၀)(စာစဉ် ၇၀- အပိုင်း၄)
“အမှားကျူးလွန်ခြင်း”
(ဒါကြီးကတော့ စော်ကားလွန်းရာ ကျသွားပြီ)
(ဘာကြောင့်ဆိုတဲ့ ဖြေရှင်းချက် ကျုပ်ကို ပေးရင် ပေး မဟုတ်လို့ကတော့ ခင်ဗျားနဲ့ ကျုပ် ကမ္ဘာ့ရန် ဖြစ် သွားလိမ့်မယ် . . .)
(ခင်ဗျားက ဒီနယ်ပယ်မှာ ဒုတိယ စွမ်းအား အကြီး ဆုံးလို့တောင် ထင်ရှားတယ် . . .)
(အဲဒီတော့ရော ဘာအရေးလဲ ကျုပ်ကတော့ ဂရု စိုက်မနေဘူး၊ ကျုပ်အတွက် သေတာက လွဲပြီး ဘာမှ မရှိနိုင်ဘူး . . .)
(လူပဲ အသေခံလိုက်မယ် နာမည်ကတော့ လုံးဝကို အသေမခံနိုင်ဘူး . . .)
ရဲရှောင်မှာ အမှန်တကယ်ပင် ဒေါသထွက်လျက် ရှိသည်။
ထို့ကြောင့် လက်ရှိအချိန်တွင် သူ့အဖို့ မည်သည့် အရာကိုမှ ဂရုမစိုက်။
သေခြင်းတရားကိုပင် ဂရုမစိုက်တော့ခြင်း ဖြစ် သည်။
သူ့ ယခင်ဘဝကအတိုင်း စိတ်ဓာတ်ပြတ်သားနေ ခြင်း ဖြစ်သည်။
သူ့အဖို့ ရိုက်နှက်ခြင်း၊ အော်ဟစ်ခြင်းနှင့် အသတ်ခံ ရခြင်းတို့ကို သည်းခံကောင်း သည်းခံနိုင်လိမ့်မည်။
သို့သော် ယခုကဲ့သို့ စော်ကားခံရခြင်းကိုမူ သူလုံးဝ သည်းခံလိမ့်မည် မဟုတ်ပေ။
ဤသည်မှာ သူ၏ ကိုယ်ကျင့်တရားကို ထိပါးနေ ခြင်းပင် မဟုတ်ပါလား။
ကိုယ်ကျင့်တရားနှင့် ပတ်သက်ပါက မည်သူ့ကိုမှ စော်ကားခွင့် မပြုသလို မည်သူ့ကိုမှလည်း သည်းခံနေ မည် မဟုတ်ပေ။
သို့သော် ရွှမ်ပိုင်မှာမူ ရဲရှောင် ဒေါသထွက်နေသည် ကို ကြည့်ရင်း စိတ်ထဲ သဘောကျနေမိသည်။
(သူက တကယ့် ယောက်ျားကောင်း တစ်ယောက် ပဲ၊ ငါတော့ တော်တော် သဘောကျတယ် . . .)
(ဂုဏ်သိက္ခာရှိ ရဲရင့်ပြီး တကယ့်ကို အရှိန်အဝါကြီး မားတဲ့ လူတစ်ယောက်ရဲ့ ပုံစံမျိုးပေါ့ . . .)
(ဒါပေမယ့် ကုသဖို့အတွက် အတူတူနေဖို့ မလိုအပ် ဘူးဆိုရင် ဘာလို့ ငါ့ကိုကျ အဲဒီလို လုပ်ခဲ့တာလဲ . . .)
ESTÁS LEYENDO