1093------1094

169 17 1
                                    

အခန်း (၁၀၉၃)(စာစဉ် ၇၉- အခန်း ၁)

“လူလုံးထွက်ပြခြင်း”

ရဲမြို့တော်၏ ပြိုင်ပွဲကျင်းပရာ နေရာတွင် ဖြစ်၏။

ထိုနေရာ ဘေးပတ်လည်ကို တောင်ကုန်းများက ဝန်းရံထားလျက် ရှိသည်။

စင်စစ် ထိုသို့ဖြစ်အောင် လူများက ဖန်တီးထားကြ ခြင်းပါပင်။

တောင်ကုန်းများကို သာမန်ကာလျှံကာ ကြည့်မည် ဆိုပါက ထူးခြားမှုကို မြင်တွေ့ရမည် မဟုတ်ဘဲ အသေ အချာကြည့်လျှင်မူ ထိုင်ခုံများ အလွှာလိုက် ပြုလုပ် ထားသည်ကို တွေ့ရလိမ့်မည်။

ထိုထိုင်ခုံများကို သေသပ်စွာတည်ဆောက်ထားပြီး ထိုင်ခုံတစ်လွှာချင်းစီကြား၌ လူသွားလမ်းများကိုပါ ပြု လုပ်ထားလေသည်။

အလယ်တွင်မူ အဝိုင်းပုံစံ စင်မြင့်တစ်ခု ရှိနေပြီး ထိုစင်မြင့်မှာ ပေ ၂၀၀ ခန့် ကျယ်ဝန်းသည့်အတွက် တစ်ဦးချင်း တိုက်ခိုက်ရန် လုံလောက်သည့် အကျယ် အဝန်း ရှိသည်။

လေးဘက်လေးတန်၏ ရှေ့ဆုံးတွင် ထိုင်ခုံ ၃ လုံးစီ ရှိပြီး ထိုထိုင်ခုံများမှာ အကဲဖြတ်မည့် လူများ၏ ထိုင်ခုံ များပင် ဖြစ်၏။

ထိုသို့ ပြုလုပ်ထားခြင်းက တိုက်ပွဲကို ရှုထောင့်ပုံစံ အမျိုးမျိုးဖြင့် ရှုမြင်နိုင်ရန် ဖြစ်သည်။

ထိုစဉ် ပွဲကြည့်ပရိသတ်များ တဖွဲဖွဲ ရောက်လာကြ ပြီး မျိုးနွယ်စုအသီးသီးမှ တိုက်ခိုက်မည့် လူငယ်များ လည်း ထိုင်ခုံများပေါ် နေရာယူကာ စောင့်ဆိုင်းနေကြ သည်။

မျိုးနွယ်စုများ သဘောတူညီချက် ပြုထားသည့် အတိုင်း မျိုးနွယ်စုတိုင်းမှ ယှဉ်ပြိုင် တိုက်ခိုက်ရန် အတွက် လူ ၁၀ ဦး စေလွှတ်ကြမည် ဖြစ်သည်။

တစ်နည်းအားဖြင့် မျိုးနွယ်စု တစ်စုစီမှ လူငယ် ၁၀ ဦးစီ ထွက်၍ တိုက်ခိုက်ရမည်ဖြစ်ပြီး ရှုံးနိမ့်သွားသည် နှင့် ထိုမျိုးနွယ်စုမှာ ထွက်ရမည် ဖြစ်သည်။

အနိုင်ရရှိသွားသည့် မျိုးနွယ်စုများမှာမူ နောက် တစ်ဆင့်သို့ တက်လှမ်းခွင့် ရပေလိမ့်မည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now