Chapter (911)(စာစဉ် ၆၆-အပိုင်း ၁)
“ကောင်းကင်ဝိညာဉ် အငွေ့အသက်”
ရဲရှောင်အဖို့ အလွန် သတိထားနေရသည်။မူးဝေသလို စတင် ခံစားလိုက်ရသည်နှင့် ခရမ်းရောင် ချီဓာတ်များကို အရှိန်ပြင်းပြင်းဖြင့် စီးဆင်းစေသည်။
ယခုလို ပြင်းထန်သော စွမ်းအင်မျိုးကို သာမန် ကျင့်စဉ်များနှင့် ရင်ဆိုင်၍ မရကြောင်း သူသိနေသည်။
စင်စစ် ချင်းရန်နယ်ပယ်ရှိ မည်သည့် ကျင့်စဉ်နှင့်မျှ ရင်ဆိုင်၍ ရနိုင်လိမ့်မည် မဟုတ်ပါ။
သို့သော် ရှေးဦးခရမ်းရောင် ချီဓာတ်များကမူ တမူ ထူးနေသည်။
စကြာဝဠာတွင် အတုမရှိသော စွမ်းအင်တစ်မျိုးပင် မဟုတ်ပါလား။
ထို့ကြောင့် ရဲရှောင်လည်း သက်ရောက်မှု ရှိမရှိကို စမ်းသပ်ကြည့်လိုက်သည်။
ရှေးဦး ခရမ်းရောင် ချီဓာတ်များကို လည်ပတ်စေ သည့်အချိန် သူ၏ ပတ်ပတ်လည်တွင် ခရမ်းရောင် အလင်းတန်း တစ်ခု ဖုံးလွှမ်းသွားသည်။
သူ၏ ခန္ဓာကိုယ်တွင်လည်း ခရမ်းရောင် ချီဓာတ် များဖြင့် ပြည့်သွားပြီး မျက်လုံးများပင် အရောင် တဖိတ်ဖိတ် တောက်သွားသည်။
ထိုအခါမှ ရဲရှောင်လည်း စိတ်သက်သာရာ ရသွားကာ သက်ပြင်းချလိုက်တော့သည်။
(ရှေးဦး ခရမ်းရောင် ချီဓာတ်တွေကို လည်ပတ် စီးဆင်းစေလိုက်တာနဲ့ ငါမူးဝေတာမျိုး မခံစားရတော့ ပါလား . . .)
(ဒီချီဓာတ် စွမ်းအင်က တော်တော်ကို ထူးခြား တာပဲ၊ ယင်ယန် မျက်လုံးကလည်း အကူအညီ ဖြစ်နေလို့ တော်သေးတယ် . . .)
(အနည်းဆုံးတော့ ငါအမှောင်ထဲမှာ စမ်းတဝါးဝါး မဖြစ်တော့ဘူးပေါ့ ဒါပေမယ့် ထူးခြားတဲ့ စွမ်းအင်တွေ ကလည်း နေရာတစ်ခုတည်းကို သက်ရောက်ချင်နေ ကြတာ . . .)
(ရှေးဦးခရမ်းရောင် ချီဓာတ်က ငါ့ကို အကာကွယ် လုပ်ပေးထားပေမယ့် အချိန်ကြာလာရင် အဆင်ပြေပါ့ မလား . . .)
(ဒီတိမ်တိုက်ရဲ့ စွမ်းအင်တွေက ခရမ်းရောင်ချီ အကာအကွယ်ကို ချိုးဖျက်ဖို့ သိပ်ကြာလောက်မယ် မထင်ဘူး . . .)
YOU ARE READING