1061---1062

178 13 1
                                    

အခန်း (၁၀၆၁)(စာစဉ် ၇၆- အပိုင်း ၁၁)

"မင်းအတွက် လက်ဆောင်"

ရဲရှောင် စိတ်ထဲ တိမ်မြူခိုးနန်းတော်က ကြာပန်း လိုအပ်မှုကို ထိန်းနိုင်ပြီဟု ထင်ခဲ့မိသည်။

၁၀၀၀ ဆိုသည့် ပမာဏက အလွန်များသည့်တိုင် ယခုလောက်ထိ အံ့ဩမည်ဟု မထင်ထားမိခဲ့ချေ။

သို့သော် တိမ်မြူခိုးနန်းတော်၏ အခြေအနေ အစစ်အမှန်ကို ရဲရှောင် မသိသေးပေ။

အပွင့် ၁၀၀၀ မဆိုနှင့် ၁၀၀ ဆိုသော ပမာဏပင် တိမ်မြူခိုးနန်းတော်အတွက် များပြားလွန်းနေသည်။

အရေးကြီးဆုံးအချက်မှာ မှင်ရောင်အားဖြည့် ကြာ ပန်းများ မဟုတ်ဘဲ ကျောက်စိမ်းအားဖြည့် ကြာပန်း များ ဖြစ်နေခြင်းပါပင်။

"၁၀၀၀ ဟုတ်လား . . ."

ထိုအရေအတွက်ကို ရွှမ်ပိုင် ကြားလိုက်ရသောအခါ ငေးငိုင်သွားမိသည်။

(အပွင့် ၁၀၀၀ တောင် ဟုတ်လား . . .)

(ဘယ်လိုဖြစ်နိုင်မှာလဲ အဓိပ္ပာယ်ရောရှိရဲ့လား)

(ဒါမှမဟုတ် သူပဲ မှားပြောတာများလား၊ သာမန် ကြာပန်း အဖြူရောင်တွေကို ကျောက်စိမ်းအားဖြည့် ကြာပန်းဆိုပြီး မှားပြောလိုက်တာများလား . . .)

(ပမာဏကလည်း မယုံနိုင်စရာ ပမာဏ . . .)

သူမစိတ်ထဲ ထိုသို့ တွေးနေမိသည့်တိုင် မသိစိတ် ကမူ ရဲရှောင်၏ စကားကို ယုံချင်နေမိသည်။

ထိုအရာက အိပ်မက်ဆိုလျှင်ပင် သူမ ဘယ်တော့မှ မနိုးထချင်တော့သည့် အိပ်မက်တစ်ခုလိုပါပင်။

သို့သော် ယခုကိစ္စက တိမ်မြူခိုးနန်းတော်၏ အနာ ဂတ်နှင့် ပတ်သက်နေ၍ သူမအဖို့ အလွန်စိတ်လှုပ်ရှား နေရသည်။

"ငါမယုံဘူး . . ."

ရွှမ်ပိုင် ခေါင်းခါယမ်း၍ ပြောလိုက်သည်။

"ခင်ဗျား မယုံဘူးဆိုတာ ကျုပ်သိပါတယ် . . ."

"အဲဒါကြောင့်ပဲ ကျုပ်က ခင်ဗျားအတွက် လက် ဆောင်လေး ပြင်လာခဲ့တယ် . . ."

"မိန်းကလေးရွှမ် . . ."

"ခင်ဗျားက ကျုပ်တို့နဲ့ အတူခရီးနှင်လာပြီး လိုက် ပါကူညီပေးခဲ့တယ်၊ ခင်ဗျားနဲ့ ကျုပ်တို့က ရေစက်ဆုံဖို့ ကံပါလာတာပဲ . . ."

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now