Chapter (899)"ရယ်မောခြင်း ဧကရာဇ်အတုမရှိတဲ့ သူရဲကောင်း"

211 15 0
                                    

Chapter (899)(စာစဉ် ၆၅- အပိုင်း၃)

“ရယ်မောခြင်း ဧကရာဇ်အတုမရှိတဲ့ သူရဲကောင်း”

“ဒီအဆိပ်က အိပ်မက်ဝိညာဉ် အဆိပ်ပဲ . . .”

“ထူးခြားတဲ့ အဆိပ်တစ်မျိုးပေါ့ . . .”

ရဲရှောင်က မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရင်း ပြောလိုက်သည်။

“ခင်ဗျားတို့ရဲ့ ရန်သူတွေ ဘယ်နှစ်ယောက် ရှိလဲ၊ ခင်ဗျားတို့ရဲ့ သခင်လေးမှာရော ရန်သူ ဘယ်လောက် ရှိလဲဆိုတာတော့ ကျုပ်မသိဘူး . . .”

“ဒါပေမယ့် တော်တော်တော့ များမယ်ထင်တယ်၊ သူတို့က ခင်ဗျားတို့ရဲ့ သခင်လေးကို သေစေချင်နေကြ တာ . . .”

ထိုသို့ ပြောရင်း ရဲရှောင် သက်ပြင်းချလိုက်သည်။

ရှန်ဂွမ်ဇုဖန်က ရဲရှောင်ကို ကြည့်လိုက်ပြီး -

“ကောင်လေး . . .”

“မင်းပြောတာ မှန်တယ် . . .”

“ငါတစ်ခု သိချင်တာက သူ့ကို ကယ်တင်နိုင်လား ဆိုတာပဲ . . .”

ရဲရှောင်က ပြန်မဖြေ၊ ရှန်ဂွမ်ဇုဖန်ကိုသာ ပြန်ကြည့် လိုက်သည်။

ရှန်ဂွမ်ဇုဖန်က သက်ပြင်းချလိုက်ပြီး -

“ဘယ်သူလုပ်တယ် ဘယ်လိုလုပ်တယ် . . .”

“ဘယ်လို ကလဲ့စားချေမယ် ဆိုတာတွေကို အခု လောလောဆယ်ဆယ်မှာ ခဏထားလိုက်ဦးမယ် . . .”

“အခုချိန်မှာ အရေးကြီးဆုံးက ငါ့သားရဲ့ အသက် ကလွဲပြီး တခြား မရှိဘူး . . .”

ထိုသို့ ပြောလိုက်သည့် သူ၏ မျက်လုံးများထဲတွင် ဒေါသတရားများကို တွေ့နိုင်သလို ဝမ်းနည်းမှုများကို လည်း တွေ့နိုင်သည်။

သားဖြစ်သူ သခင်လေးကို မည်သူက သေစေချင် နေသည်ကိုလည်း ရိပ်စားမိဟန်ပင်။

“အင်း . . .”

ရဲရှောင် ခဏမျှ စဉ်းစားလိုက်ပြီးနောက် -

“ကယ်တင်နိုင်တယ် . . .”

ထိုစကားက လူတိုင်းကို အားတက်သွားစေသည်။

“ဒါဆိုလည်း လုပ်ပါဦး မိတ်ဆွေလေးရယ် . . .”

ထိုသို့ ပြောလိုက်သည့် ရှန်ဂွမ်ဇုဖန်၏ အသံက တုန်ယင်နေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now