Chapter (927)(စာစဉ် ၆၇- အပိုင်း၃)
“ရွှေရောင်လင်းယုန်”
အချိန်တစ်ခု ကြာပြီးနောက်တွင်မူ ရဲရှောင်နှင့် လိဝူလျန်တို့ နှစ်ဦးလုံး သူတို့၏ ယခင်အခြေအနေများ ကို ပြန်ရနိုင်လိမ့်မည်။
ရဲရှောင်အဖို့လည်း ရန်သူများကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နေစရာ လိုတော့မည် မဟုတ်ပါ။
နှစ်ယောက်ပေါင်းအားဖြင့် အားလုံးကို အပြတ်ရှင်း နိုင်မည်သာ။
ဂိုဏ်းသုံးခု၌ ထိပ်သီးပညာရှင်များစွာ ရှိသည့်တိုင် ရဲရှောင်တို့နှစ်ဦးကို ရင်ဆိုင်ရန်က ခက်ခဲလိမ့်မည်။
ထိုအခြင်းအရာက မဖြစ်လာသေးသော်လည်း ဖြစ် လာခဲ့လျှင်မူ ထိုလူနှစ်ဦးက နယ်ပယ် တစ်ခုလုံးကို တုန်လှုပ်စေမည်မှာ မလွဲဧကန်ပင်။
သို့သော် လက်ရှိ အချိန်တွင်မူ ရဲရှောင်အဖို့ အခက် ကြုံနေရသည်။
လမ်းကြောင်းအသစ်မှ တောင်ပေါ်သို့ ပြန်တက်ရာ တွင် ခက်ခက်ခဲခဲ တက်နေရခြင်း ဖြစ်သည်။
သူ၏ ပတ်ပတ်လည်တွင် ရေခဲများ၊ နှင်းများဖြင့် ဖုံးလွှမ်းနေသည် မဟုတ်ပါလား။
ထို့ပြင် တောင်ပေါ်သို့ တက်ရာ လမ်းမှာလည်း ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာသည်။
တောင်ထိပ်သို့ ရောက်ရန်မှာမူ အလှမ်းကွာဝေးနေ ပါသေးသည်။
ထိုအခြေအနေမျိုးတွင် ရဲရှောင်အဖို့ သတိကြီးကြီး ထားရမည်သာ။
မဖြစ်နိုင်သည့်ကိစ္စ မဟုတ်သည့်တိုင် ခက်ခက်ခဲခဲ အခြေအနေမျိုး ဖြစ်နေသည် မဟုတ်ပါလား။
သို့သော် ရဲရှောင်မှာလည်း ခေသူမဟုတ်။
အပေါ်သို့ တက်ရင်းဖြင့် နှင်းကြာပန်းများကို လမ်း ကြုံ ခူးဆွတ်ခဲ့ပါသေးသည်။
သူ့အဖို့ မမျှော်လင့်ဘဲ ရလိုက်သော အကျိုးအမြတ် တစ်ခုဟု ဆိုရမည်။
ထိုသို့ တရွေ့ရွေ့ တက်လာရင်းဖြင့် တောင်ထိပ်သို့ ရောက်ရန် ပေ၃၀၀ခန့်သာ လိုပါတော့သည်။
ထိုနေရာတွင် တိမ်တိုက်များ၊ မြူခိုးများက သိပ် သည်းစွာ ရှိနေ၍ သူ့လက်ကိုပင် သူမမြင်ရတော့ချေ။
YOU ARE READING