အခန်း (၁၀၇၉)(စာစဉ် ၇၈- အပိုင်း ၁)
“မိမိကိုယ်သာ ကိုးကွယ်ရာ”
“ဥပမာကွာ တစ်လုံးကို ကျင့်ကြံမှုနှုန်း နှစ်တစ်ရာ ပေးနိုင်တဲ့ ဆေးမျိုးကို မူလလူသားအဆင့် ပညာရှင်ကို သွားပေးလိုက်မယ်ဆိုရင် သူ့ကို သေအာင်သတ်လိုက် သလို ဖြစ်သွားလိမ့်မယ် . . .”
“ဆေးလုံးထဲမှာရှိတဲ့ စွမ်းအင်တွေက ပမာဏတွေ အများကြီးပဲလေ . . .”
“ဆေးလုံးတွေက စွမ်းအင်တွေကို ပိုပြီး မစုပ်ယူနိုင် သလို စွမ်းအင်ပါဝင်မှုကိုလည်း မလျှော့ချပစ်ဘူး . . .”
“သူ့ရဲ့ခန္ဓာကိုယ်က ခံနိုင်ရင်တော့ ကောင်းတာပေါ့ ဒါပေမယ့် မခံနိုင်ရင်တော့ သေရလိမ့်မယ် . . .”
“အဲဒီလိုဖြစ်သွားရင် အချိန်ဖြုန်းရာလည်း ရောက် သလို တန်ဖိုးရှိတဲ့ ဆေးလုံးကိုလည်း ဖြုန်းတီးရာ ကျ တယ် . . .”
“ငယ်ငယ်ကတည်းက နောက်ခံ အင်အားတွေရဲ့ ထောက်ပံ့မှုကြောင့် ဆေးလုံးတွေကို မရေမတွက်နိုင် အောင် စားခဲ့ရတဲ့ လူတွေဆိုရင် အဆင့်တက်လာနိုင် တာ မှန်ပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ မမြင်နိုင်တဲ့ အန္တရာယ် ရှိနေတတ်တယ် . . .”
“တကယ်လို့ အဲဒီအရာသာ ပေါက်ကွဲထွက်သွား ရင် သူတို့ ချက်ချင်းသေမှာ . . .”
“နောက်ပြီး မင်းက ဆေးလုံးတွေ အများကြီးစား ရင် သေချာပေါက် လုံးဝတိုးတက်သွားမှာ မဟုတ်ဘူး၊ အရာရာတိုင်းမှာ အကန့်အသတ်ဆိုတာ ရှိတယ် . . .”
“ကမ္ဘာကြီးမှာ ပြီးပြည့်စုံတဲ့ အရာဆိုတာ မရှိဘူး လေ၊ ဆေးလုံးတွေမှာလည်း အဲဒီလိုပဲ . . .”
“ဆေးလုံးတွေ စားနိုင်သလောက်သာ အစွမ်းထက် မယ်ဆိုရင် အဓိပ္ပာယ်မှ မရှိတာ . . .”
ရဲရှောင်မှ ချက်ကျလက်ကျပင် ရှင်းပြလိုက်သည်။
“ငါသိပါပြီ . . .”
“တကယ်တော့ ငါနားမလည်နိုင်ဖြစ်ခဲ့တာပဲ . . .”
“အင်း မင်းဘာလို့ နားမလည်ဖြစ်နေလည်းဆိုတာ ငါသဘောပေါက်ပါတယ် . . .”
ရဲရှောင်မှ ပြုံးလျက် ပြန်ပြောလိုက်သည်။
“ကိုယ့်ရဲ့အခြေအနေပေါ် မူတည်ပြီး အချိန်ကိုက် ဖြစ်ဖို့လည်း လိုတယ်၊ လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ ဆေးလုံးကို သောက်လိုက်နိုင်မယ်ဆိုရင် ပိုပြီး အကျိုး သက်ရောက်မှုတော့ ရှိမှာပေါ့ . . .”
YOU ARE READING