အခန်း (၁၀၁၁)(စာစဉ် ၇၃- အပိုင်း ၃)
“ရဲမျိုးနွယ်စုမှ လူများ”
ရဲရှောင်အဖို့ ယခင်က ဟန်လုပ်နိုင်စွမ်း အကောင်း ဆုံးလူကို ဟန်ပိုင်ယွဲ့ဟု ထင်မှတ်မိခဲ့သည်။
သို့သော် ယခုအခါတွင်မူ ၎င်းထက် သာလွန်သည့် လူကို တွေ့လိုက်ရချေပြီ။
ဟန်ပိုင်ယွဲ့ပင် ထိုလူငယ်လေး ရဲလျန်ချန်ကို ယှဉ် နိုင်လိမ့်မည် မဟုတ်ချေ။
ရဲလျန်ချန်မှာ ဟိတ်ဟန်လုပ်ရန်အတွက် မွေးဖွား လာသလားဟုပင် ထင်မှတ်ရသည်။
စကားတစ်ခွန်း ပြောတိုင်း ဟိတ်ဟန်က အပြည့် ပါနေတတ်သည်။
ထိုအချက်က ထူးခြားသည့် အရည်အချင်းဟုပင် ဆိုရမည်။
ရဲလျန်ချန်၏ ဟိတ်ဟန်ထုတ်ခြင်းက သဘာဝဆန် သော်လည်း ဟန်ပိုင်ယွဲ့ကမူ အနည်းငယ် သိသာလှ သည်။
ဤသည်မှာ ၎င်းတို့နှစ်ဦး၏ ကွာခြားချက်ပင် ဖြစ် လေသည်။
ထိုစဉ် တတိယ သခင်လေးမှ သက်ပြင်းချလျက် -
“ဟူး . . .”
“အရေးကြီးတဲ့ ကိစ္စတွေကိုပဲ မင်းတို့ အာရုံစိုက်လို့ မရဘူးလား . . .”
“ဆေးပစ္စည်းတွေကို မြန်မြန် ပို့ကြမယ်လေ . . .”
“မင်း မိတ်ဆွေဖွဲ့ချင်တာတွေ ဘာတွေ ငါဂရုမစိုက် ဘူး၊ ဒီလမှာ ငါတို့ ကောင်းကောင်း အလုပ်မလုပ်နိုင် ရင် နောင်တရ ရလိမ့်မယ် . . .”
“ဝိညာဉ်ကျောက်တုံး တစ်တုံးတောင် မရှာနိုင်ရင် ရဲချန်ဇန်နဲ့ သူ့ရဲ့လူတွေ နောက်လမှာ ငါတို့ကို ကျော် တက်သွားလိမ့်မယ် . . .”
ထိုစကားကြောင့် ရဲလျန်ချန်မှ ပြုံးလိုက်ရင်း -
“အဲဒီလိုသာ ဖြစ်သွားမယ်ဆိုရင် မင်းရဲ့ နာမည် အဓိပ္ပာယ်အတိုင်း ဖြစ်သွားတော့မှာပေါ့ . . .”
“နန်ဟီ . . .”
“ငါတို့ကို ကူညီနိုင်မယ့်အရာ ဘာမှ မရှိတော့ဘူး ပေါ့ ဟားဟား . . .”
ရဲလျန်ချန်မှာ ရယ်မောရင်းဖြင့် ရဲနန်ဟီ၏ မျက်နှာ ကို လှမ်းကြည့်လိုက်သည်။
YOU ARE READING