အခန်း (၉၈၄)(စာစဉ် ၇၁- အပိုင်း၄)
“ပစ်မှတ်”
ဟန်ပိုင်ယွဲ့မှာ ဒေါသထွက်လျက် ရှိသည်။
ရွှမ်ပိုင်မှာမူ ဟန်ပိုင်ယွဲ့ထက်ပင် ပိုဆိုးနေပါသေး သည်။
မိန်းမသားပီပီ လူတစ်ဖက်သား၏ ခံစားချက်များ ကို ခုတုံးလုပ်ခြင်းအား မုန်းတီးခြင်းကြောင့် ဖြစ်သည်။
သို့သော် ထိုအချက်ပင်လျှင် ရက်စက်သည့် အဖွဲ့ အစည်းကြီး၏ အဓိကသော့ချက် ဖြစ်နေသည်။
လူတစ်ယောက်၏ ခံစားချက်ကို အားနည်းချက် အဖြစ် သုံးကာ သတ်ဖြတ်နေကြသည် မဟုတ်ပါလား။
ရဲရှောင် သိသလောက် ထိုအဖွဲ့ကြီးမှ အစီစဉ် နှစ်ခု ကို ပစ်မှတ်ထား လှုပ်ရှားနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုပစ်မှတ်များမှာ ရှောင်မူဖေ့နှင့် ဂူမန်တို့ပင် ဖြစ် ၏။
သူမသိသေးသည့် အခြားလှုပ်ရှားမှုများလည်း ရှိ ကောင်း ရှိနိုင်သေးသည်။
အဖွဲ့ကြီးမှာ မူလတာအို အဆင့်ရှိသည့် ဂူမန်ကိုပင် အောင်မြင်စွာ လုပ်ကြံနိုင်ခဲ့သည်။
ထိုသို့ အဆင့်မြင့် ပညာရှင်များကို မည်မျှထိ လုပ် ကြံပြီးသည်ကို မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ချေ။
ယခုအတိုင်းဆိုပါက အခြေအနေများမှာ ဆိုးရွား သထက် ဆိုးရွားလာနိုင်လေသည်။
“ငါသွေးညှီနံ့ရတယ် . . .”
ဟန်ပိုင်ယွဲ့မှ ထိုသို့ ပြောရင်း နှာခေါင်း တရှုံ့ရှုံ့လုပ် ကာ ရှေ့သို့ ပြေးထွက်သွားသည်။
ရွှမ်ပိုင်မှလည်း -
“ဒီနေရာက ကျွန်မတို့ ဂူမန်ကို တွေ့တဲ့နေရာနဲ့ မိုင်ငါးဆယ်လောက်ပဲ ဝေးသေးတယ် . . .”
“ဂူမန်ရဲ့ အစွမ်းစနဲ့ဆိုရင် မိုင်ငါးဆယ်လောက်ပဲ ပြေးနိုင်မှာ နောက်ပြီး သူ့ရဲ့ ဒဏ်ရာကလည်း အရမ်း ပြင်းတယ်လေ . . .”
“အဲဒါတောင်မှ သူ့ရဲ့ အသက်ဓာတ်စွမ်းအင်တွေကို ဆုံးရှုံးခံပြီးမှ ပြေးလို့ရမှာ . . .”
“ဒါဆိုရင် ဒီနေရာက သူတိုက်ခိုက်ခံခဲ့ရတဲ့ နေရာပဲ ဖြစ်လိမ့်မယ် . . .”
YOU ARE READING