Chapter (946)(စာစဉ် ၆၈- အပိုင်း၈)
“ဧကရာဇ် ဓားချက်”
နေရောင်ဂိုဏ်းမှ ကျန်လူသုံးဦးမှာ ထိုမြင်ကွင်းကို ကြည့်ပြီး အံ့ဩမှင်သက်နေကြသည်။
ဟန်ပိုင်ယွဲ့မှာလည်း ထို့အတူပါပင်။
သို့သော် ရဲရှောင်မှ ဒုတိယအကြိမ် ခြေလှမ်းလှမ်း လိုက်ချိန်တွင် ပို၍ အံ့ဩသွားရသည်။
မည်မျှထိ အံ့ဩသွားကြောင်း ၎င်း၏ မျက်လုံးများ က သက်သေခံလျက် ရှိသည်။
ခဏအကြာတွင်မူ ထိုအံ့ဩမှုများအစား ကျေနပ်မှု၊ ပျော်ရွှင်မှု၊ ဝမ်းသာမှုများက အစားထိုး နေရာဝင်ယူ သွားသည်။
(ငါဘာကို မြင်နေရတာလဲ . . .)
(ဒီခြေလှမ်းချက် . . .)
(ဒါက ရှောင်ဧကရာဇ်ရဲ့ ကိုယ်ပိုင် တိုက်ကွက် တစ်ခုပဲ . . .)
(အုပ်စိုးသူရဲ့ ခြေလှမ်း . . .)
(ရှောင်ဧကရာဇ် ငါ့ကို တစ်ခါပြောဖူးတယ် ဒါကို ထိပ်တန်း ခြေလှမ်းလို့ ခေါ်တယ်တဲ့ . . .)
(ဒီနာမည်ကို သူကိုယ်တိုင်ပဲ ပေးခဲ့တာဆိုတော့ ဒီ ခြေလှမ်း တိုက်ကွက်ကို သူကလွဲပြီး ဘယ်သူမှ မသိ နိုင်ဘူး . . .)
(နောက်ပြီး သူ့ထက် ဘယ်သူမှလည်း ပိုကောင်း အောင် လုပ်နိုင်မယ် မထင်ဘူး . . .)
(သူ့ခြေလှမ်းထက် ပိုပြီး မြန်ဆန် ပြင်းထန်တဲ့ တိုက်ကွက်တွေ ရှိနိုင်ပေမယ့် ဒီလောက်ထိ အရှိန်အဝါ ကြီးမားလိမ့်မယ်လို့ မထင်ဘူး . . .)
(ဟုတ်တယ် ဒါက ရှောင်ဧကရာဇ်ရဲ့ ကိုယ်ပိုင် တိုက်ကွက် တစ်ခုပဲ . . .)
(ဒါဆို ဒီကောင်လေးက ရှောင်ဧကရာဇ်နဲ့ ဘယ်လို များ ပတ်သက်နေတာပါလိမ့် . . .)
ဟန်ပိုင်ယွဲ့မှာ အတွေးများဖြင့် ချာချာလည်သွား သည်။
သူသိခဲ့သည့် ရှောင်ဧကရာဇ်က သေဆုံးသွားခဲ့ရပြီ မဟုတ်ပါလား။
(နောက်ဆုံးတော့ မင်းရဲ့ ကျင့်စဉ်ကို ငါပြန်မြင်ခွင့် ရခဲ့ပြီပေါ့ . . .)
ထိုသို့ တွေးရင်းဖြင့် ဟန်ပိုင်ယွဲ့၏ မျက်လုံးများထဲ တွင် မျက်ရည်စများ တွဲခိုလာသည်။
(ငါက အရိပ်မဲ့အဖြစ် ခံယူပြီး ဂိုဏ်းကြီးသုံးခုက လူတွေကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်၊ အဲဒီအတွက် ငါ့အသက်ကို စတေးရမယ်ဆိုလည်း ငါဝမ်းမနည်းဘူး)
(ငါက မင်းကြောင့်သာ ဒါမျိုး လုပ်ခဲ့တာ . . .)
(အရာအားလုံးက မင်းအတွက် ကလဲ့စားပြန်ချေဖို့ လုပ်ခဲ့တာ ရဲရှောင်ရဲ့ . . .)
(အဲဒီလို လုပ်မှလည်း ငါကျေနပ်နိုင်မယ် ငါ့ရဲ့ အစ်ကိုလို ဖြစ်နေတဲ့ မင်းအတွက်ပေါ့ . . .)
(ရှောင်ဧကရာဇ် အတွက်ဆို ပေးဆပ်ဖို့ အသင့်ရှိ နေတဲ့ လူတွေ ရှိနေသေးတယ်ဆိုတာကို ချင်းရန်က လူတွေကို သိစေချင်တယ် . . .)
(အဲဒါကြောင့်လည်း မင်းနဲ့ ညီအစ်ကိုလို ဖြစ်နေတဲ့ လူတွေက မင်းအတွက် တတ်နိုင်သလောက် ကလဲ့စား ချေပေးနေကြတာပဲ . . .)
(မင်းသေသွားပေမယ့် ကျန်တဲ့ ညီအစ်ကိုတွေက ဂိုဏ်းသုံးခုကို အထိနာအောင် လုပ်ကြဦးမှာပဲ . . .)
(ကလဲ့စားသာ ပြန်ချေရလို့ကတော့ ငါတို့ အသက် ကိုလည်း နှမြောနေကြမှာ မဟုတ်ဘူး . . .)
(ငါ့ရဲ့ အသက်ကို ရဲရှောင်ပဲ ပိုင်တယ် သူ့အတွက် ဆိုရင် ငါကသေဖို့အသင့်ပဲ . . .)
(သူသေပြီးနောက်မှာ သူ့ရဲ့ လှုပ်ရှားမှုကို တခြား တစ်ယောက်ဆီမှာ တွေ့ရလိမ့်မယ်လို့ ထင်ကို မထင် ထားခဲ့မိဘူး . . .)
(ဒီကောင်လေး ခြေလှမ်း လှမ်းလိုက်တဲ့အချိန် ငါ ဖြင့် သူလို့တောင် ထင်မိတယ် . . .)
(ဒီကောင်လေးက ရဲရှောင်ရဲ့ အမွေဆက်ခံသူပဲ ဖြစ်ရမယ်၊ ဒါဆို သူငါ့ကို ကယ်ခဲ့တာလည်း မထူးဆန်း ပါဘူး၊ ငါ့ရဲ့ သရုပ်မှန်ကို သိနေတာလည်း မထူးဆန်း တော့ဘူး . . .)
လောကတွင် သေးငယ်သော အရာဖြစ်သည့်တိုင် ထိန်းချုပ်ရန် ခက်ခဲသည်က လူသားများ၏ မျက်ရည် များပင် ဖြစ်သည်။
ဟန်ပိုင်ယွဲ့လည်း ယခုအချိန်တွင်မူ မျက်ရည်များ ကို ထိန်းချုပ်ရန် မစွမ်းသာတော့ပြီ။
မူလက ထိန်းထားသော မျက်ရည်များမှာ အတား ဆီးမဲ့ စီးဆင်းနေကျပြီ ဖြစ်သည်။
ထိုစဉ် တိုက်ပွဲ အခြေအနေမှာ ပြောင်းလဲသွား သည်။
ရဲရှောင်နှင့် ရန်သူတို့ နောက်သို့ ပြိုင်တူဆုတ်သွား ချိန် ရန်သူဘက်မှ ၎င်း၏ ခန္ဓာကိုယ်ကို ခါယမ်းပြီး ကိုယ်ပွားများစွာကို ထုတ်လွှတ်လိုက်သည်။
ထို့နောက် ကိုယ်ပွား ၉ခုမှာ ရုတ်တရက် ရဲရှောင် ရှိရာထံသို့ ဘက်ပေါင်းစုံမှ တိုးဝင်သွားကြသည်။
စင်စစ် ရဲရှောင် ထွက်ပြေး၍ မရအောင် ပိတ်ဆို့ လိုက်ခြင်း ဖြစ်သည်။
တစ်ချက်တည်းဖြင့်လည်း အသေသတ်နိုင်ရန် ကြံ ရွယ်နေပုံပါပင်။
ရဲရှောင်မှာမူ အစပိုင်းတွင် နောက်သို့ ဆုတ်လိုက် ပြီး ရုတ်တရက် တစ်ဖက်သို့ လှည့်လိုက်ကာ ကိုယ်ပွား တစ်ခုကို တိုက်ခိုက်လိုက်သည်။
ထို့နောက် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်၍ တိုက်ခိုက်မှု တစ်ခုကို ထပ်မံ လုပ်လိုက်ပြန်သည်။
ထိုသို့ ဆန့်ထုတ်ချိန်တွင် အားပျော့သည်ဟု ထင်ရ သော်လည်း ကိုယ်ပွားများမှာ ပျောက်ကွယ်သွားပြီး မူလပိုင်ရှင် အစစ်သာ ကျန်ခဲ့သည်။
ရဲရှောင်၏ တိုက်ခိုက်မှု အောက်တွင် ရန်သူ၏ အရိပ်တိုက်ကွက်မှာ ကျရှုံးသွားခဲ့ရသည်။
သို့သော် ၎င်း၏ တိုက်ခိုက်မှုကို လျှော့ချလိုက်ခြင်း မရှိဘဲ ရဲရှောင်ထံ တဟုန်ထိုး ပြေးဝင်သွားတုန်းပါပင်။
ရဲရှောင်မှာမူ ထိုအရိပ်များကို ဖယ်ရှားလိုက်နိုင်ရုံ မက ရန်သူ၏ လှုပ်ရှားမှုကိုပါ နှေးသွားအောင် ပြုလုပ် လိုက်သည်။
ရန်သူမှာ မူလတာအို အဆင့်နှစ် ရှိပြီး ရဲရှောင်မှာမူ မူလအိပ်မက် အဆင့်ခုနှစ်သာ ရှိသေး၍ အဆင့်ကွာဟ မှုက ကြီးမားလွန်းသည်။
သို့သော် ရဲရှောင်က သူတစ်ပြန် ကိုယ်တစ်ပြန်ပင် တိုက်ခိုက်နိုင်နေသည် မဟုတ်ပါလား။
ရန်သူဘက်မှ ၎င်း၏ စွမ်းအင် ၃၀ရာခိုင်နှုန်းခန့် ကို သုံးထားမည်ဆိုလျှင်ပင် သူခံနိုင်သည့် ပမာဏ ထက်ပင် များစွာ ပိုနေပါသေးသည်။
ရဲရှောင်မှ ကိုယ်ပွား ရှစ်ခုကို မည်သို့ ဖျက်ဆီးနိုင်ပါ စေ လွတ်လမ်း ရှိလိမ့်မည် မဟုတ်ပါ။
သို့သော် ရန်သူနှင့် ရဲရှောင်တို့ ထိတွေ့မယောင် ဖြစ်တော့မည့်အချိန်တွင် ရုတ်တရက် အပြာရောင် အလင်းတန်း အချို့ လင်းလက်သွားသည်။
ထို့နောက် ရဲရှောင်က ချက်ချင်း ဆိုသလိုပင် ရပ်တန့်လိုက်ပြီး ရန်သူကို မထူးခြားသည့် ပုံစံမျိုးဖြင့် ကြည့်လိုက်သည်။
စင်စစ် ထွက်ပေါ်နေသည့် ထိုအပြာရောင် အလင်း တန်းများက ရဲရှောင်ထံမှ ဖြစ်သည်။
ထိုစဉ် တိုက်ခိုက်နေသည့် ရန်သူသာမက ရှိနေကြ သည့် လူများပါ ထူးခြားသော ပတ်ဝန်းကျင် အနေ အထားကို သတိပြုမိလိုက်ကြသည်။
ထိုအပြာရောင် အလင်းတန်းမှာ ဓားတစ်လက်ထံ မှ ထွက်ပေါ်နေခြင်း ဖြစ်ပြီး ပုံမှန် ဓားအလင်းတန်းမျိုး နှင့် မတူချေ။
ဘုရင်တစ်ပါးမှ သတ်ဖြတ်ရန်အတွက် ထုတ်လိုက် သည့် ဓားတစ်စင်းပမာ အရှိန်အဝါ အပြည့်ဖြင့် ရှိနေ သည်။
မူလတာအို အဆင့်နှစ် ရှိသော ရန်သူမှာ ဓား၏ အလင်းတန်းကို ကောင်းစွာ ခံစားမိလိုက်သည်။
ထို့ကြောင့် တိုက်ခိုက်မှုကို ဆက်မလုပ်ဝံ့တော့ဘဲ ချွေးစေးများပင် ပြန်လာခဲ့သည်။
“ဧကရာဇ် ဓားချက် . . .”
“ဒါ ဒါ ဒါက ဧကရာဇ်ဓားချက်ပဲ . . .”
“ပြေးကြ ပြေးကြ . . .”
“အား . . .”
သူ၏ စကား မဆုံးသေးခင်မှာပင် အပြာရောင် အလင်းတန်းက ပိုမို၍ တောက်ပလာပြီး ဓားချီဓာတ် များကလည်း ပြင်းထန်စွာ ထွက်ပေါ်နေသည်။
ထို့နောက် ရဲရှောင်က ရန်သူကို အားမာန်အပြည့် ဖြင့်ပင် ခုတ်ပိုင်းချလိုက်တော့သည်။
လှပသော ဓားအလင်းတန်းများထဲတွင် အေးစက် သည့် ချီဓာတ်များ ပါဝင်နေသည်။
ထိုသို့ ပြည့်စုံသော ပေါင်းစပ်မှုက ရန်သူကို သေလမ်းသို့ ပို့ပေးနိုင်လိုက်သည်။
“ဘုန်း . . .”
အသက်မဲ့သွားသော ရန်သူ၏ ခန္ဓာကိုယ်မှာ မြေပေါ်သို့ အရုပ်ကြိုးပျက် လဲသွားတော့သည်။
ထို့ပြင် သူ၏ နဖူးတွင် အပေါက်လေး တစ်ပေါက် ရှိနေပြီး ထိုအပေါက်ထံမှ သွေးများက တရဟောပင် ပန်းထွက်နေသည်။
ပို၍ ထူးဆန်းသည်မှာ သွေးများမှာ ရှေ့မှ ထွက်နေ ခြင်း မဟုတ်ဘဲ နောက်စေ့ဘက်မှ ထွက်နေခြင်းပင်။
ဓားချက် တစ်ချက်တည်းဖြင့် အပြတ်ရှင်းပစ်နိုင် လိုက်ခြင်း ဖြစ်သည်။
ယခုကဲ့သို့ အသတ်ခံရလိမ့်မည်ဟု ထိုရန်သူအဖို့ အိပ်မက်ပင် မက်ခဲ့ဖူးလိမ့်မည် မဟုတ်ချေ။
အစပိုင်း တိုက်ခိုက်မှုတွင် ရဲရှောင်၏ ခြေလှမ်းများ က ကောင်းမွန်သေသပ်လှကြောင်း သူ့စိတ်ထဲမှ ကြိတ် ချီးကျူးမိခဲ့သည်။
ရှောင်ဧကရာဇ်၏ ခြေလှမ်းများနှင့်ပင် တူနေသည် ဟု သံသယ ဝင်လိုက်မိသည်။
ထို့ကြောင့် တိုက်ပွဲကို မြန်မြန် အဆုံးသတ်နိုင်ရန် ကိုယ်ပွားများစွာ ထုတ်လွှတ်ပြီး ကြိုးပမ်းခဲ့သည်။
သူ့အဖို့ ထိုကိုယ်ပွားများ အတွင်း အလိုရှိသလို ကူး ပြောင်းနိုင်ရုံမက အလိုရှိသလိုလည်း တိုက်နိုင်သည်။
စင်စစ် ရဲရှောင်အား ကိုယ်ပွားများဖြင့် ပိတ်ဆို့၍ တစ်ချက်တည်းဖြင့် သတ်နိုင်ရန် ကြံရွယ်ခဲ့ခြင်းပင်။
အကယ်၍ မသတ်နိုင်လျှင်ပင် ရဲရှောင်ကို ဖိနှိပ်နိုင် လိမ့်မည်ဟု တွေးထင်မိခဲ့သည်။
သို့သော် ရဲရှောင်မှ တိုက်ကွက်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်လိုက်ပြီး ဖျက်ဆီးပစ်နိုင်ခဲ့သည်။
ထို့ပြင် ယခုကဲ့သို့ လူငယ်လေးမှ ဧကရာဇ်ဓားချက် ကို ပိုင်နိုင်စွာ လုပ်နိုင်လိမ့်မည်ဟုလည်း မထင်ခဲ့ချေ။
ထိုဧကရာဇ်ဓားချက် ဆိုသည်က ရှောင်ဧကရာဇ် ၏ ဓားချက်ပင် ဖြစ်သည်။
ရှောင်ဧကရာဇ် ဆိုသည်မှာလည်း ဂိုဏ်းကြီးသုံးခု အတွက် အန္တရာယ်အများဆုံး ရန်သူတစ်ယောက်ပင်။
ရှောင်ဧကရာဇ် မရှိတော့သည့်တိုင် ရှောင်ဧကရာဇ် ၏ အငွေ့အသက်များက ၎င်းတို့အပေါ် ယနေ့အထိ ခြောက်လှန့်နေဆဲပင် ဖြစ်သည်။
ထို့ပြင် ကျွင့်ယင်းလျန်မှ ကလဲ့စား ချေနေသေး သည့်အတွက် ထိုခံစားမှုက လျော့မသွားဘဲ ပို၍ပင် ပြင်းထန်လာခဲ့သည်။
ထိုမျှမက အရိပ်မဲ့ကဲ့သို့ လူမျိုးကလည်း ရှိနေ ပါသေးသည်။
ထို့ကြောင့် ဂိုဏ်းသုံးခုမှ လူများအဖို့ အမြဲတစေ စိတ်ခြောက်ခြား နေရခြင်းပင် ဖြစ်ပါတော့သည်။
YOU ARE READING