အခန်း (၉၇၈)"ကိုယ်တိုင် လက်စားချေလိုခြင်း"

159 17 0
                                    

အခန်း (၉၇၈)(စာစဉ် ၇၀- အပိုင်း ၁၂)

“ကိုယ်တိုင် လက်စားချေလိုခြင်း”

ပိုင်ပုဖန်၏ စိတ်ထဲ၌ မည်သူ့ကိုမှ ထိန်းချုပ်၍ မရ နိုင်တော့သည်ကို သိလိုက်သည်။

ရွှမ်ပိုင်ဘက်မှလည်း ၎င်းတို့ဘက်မှ စတင်လှုပ်ရှား မည်ကို စောင့်နေ၍ မလှုပ်ရှားသေးချေ။

စင်စစ် ရန်သူများကို သတ်ရန်အတွက် သေချာ သည့် အကြောင်းပြချက် ရလာသည်အထိ စောင့်စား နေခြင်းပင် ဖြစ်သည်။

အကယ်၍ ရန်သူများအနက် တစ်ဦးဦးမှ စတင်၍ တိုက်ခိုက်လာပါက ရွှမ်ပိုင်ဘက်မှ အားလုံးကို အပြတ် ရှင်းပစ်မည်မှာ သေချာလှသည်။

ထို့ပြင် ကျန်ခဲ့သည့် ဂိုဏ်း၏ လုံခြုံရေးကိုပါ ထိပါး လာနိုင်ကြောင်း အဘိုးကြီး ကောင်းစွာ သိနေသည်။

၎င်းတို့မှာ ယခုနယ်ပယ်၌ အင်အားကြီးသည့်ဂိုဏ်း တစ်ခု ဖြစ်သော်လည်း ရွှမ်ပိုင်အတွက်မူ အမှုန်အမွှား အဆင့်သာ ရှိသည်။

အကယ်၍ ရွှမ်ပိုင်သာ ပြိုကွဲစေလိုပါက ဂိုဏ်းမှာ အနှေးနှင့် အမြန်ဆိုသလိုပင် ပြိုကွဲသွားနိုင်ပေသည်။

လက်ရှိတွင် ရွှမ်ပိုင်မှာ တိုက်ခိုက်ရန် အသင့်ဖြစ် နေချေပြီ။

ပိုင်ပုဖန် အဖို့လည်း မည်သို့မှ ဆင်ခြေပေး၍ မရ နိုင်ကြောင်းကို သိလိုက်သည်။

ထို့ကြောင့် ဦးညွှတ်ကာ ရှက်ရွံ့သည့် ပုံစံမျိုးဖြင့် -

“အမှားက ဘာကို ဆိုလိုသလဲဆိုတော့ . . .”

အဘိုးကြီးမှာ အမှားဆိုသည့် အဓိပ္ပာယ်ကို ရှင်းပြ ရန် ဟန်ပြင်လိုက်သည်။

ရွှမ်ပိုင်က သူ့အား မေးနေပြီ မဟုတ်ပါလား။

အဘိုးကြီးအဖို့ ယခုကဲ့သို့ စော်ကားခံရမှုကို ဘယ် သောခါမှ မေ့ပျောက်နိုင်လိမ့်မည် မဟုတ်ချေ။

နေရောင်ဂိုဏ်း၏ ဥသျှောင်တစ်ပါးဖြစ်သော သူ့မှာ မည်သူ့ကိုမှ ဦးညွှတ်ခဲ့ခြင်း မရှိသော်လည်း ယခုအခါ တွင် လုပ်ရတော့ချေမည်။

ထို့ပြင် ရွှမ်ပိုင်မှ သူ့ကို မည်မျှ စော်ကားလာပါစေ ခေါင်းငုံ့၍သာ ခံရတော့မည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now