Chapter (904)"ဘာကြောင့်လဲ"

198 18 0
                                    

Chapter (904)(စာစဉ် ၆၅- အပိုင်း၈)

“ဘာကြောင့်လဲ”

“စိတ်မကောင်း ဖြစ်မနေပါနဲ့ဗျာ . . .”

“အာဏာဆိုတဲ့ အရာက လူတိုင်းကို မျက်စိကန်း စေတယ် . . .”

“လောင်ရင်တန်က ယုတ်မာတဲ့ လူတစ်ယောက်ပဲ၊ ဒါနဲ့ပဲ သူက ထိုက်တန်တယ် . . .”

ရင်ဝုချင်က အေးစက်စက် ပြောလိုက်သည်။

“သူမသေခင် ပြောခဲ့တဲ့ စကားတွေကလည်း သူ့ အသက်ကို ချမ်းသာပေးလိုပေးငြား ပြောခဲ့တဲ့ စကား တွေပဲ . . .”

“အဲဒါကြောင့် ရှေးတုန်းက စကားတွေက သိပ်မှန် တာ၊ လူတွေက သေခါနီး အချိန်မှာ အကောင်းဆုံး စကားတွေ ပြောတတ်ကြတယ်၊ သေဘေးကနေ လွတ် သွားပြီဆိုရင်တော့ လူယုတ်မာ ပြန်ဖြစ်သွားကြတာပဲ ပိုပြီးတော့တောင် ဆိုးသွားနိုင်သေးတယ် . . .”

“သူက အသက်ရှင်နေရင် နောက်ထပ်ပြီးလည်း ယုတ်မာနေဦးမှာ . . .”

ရဲရှောင် ခေါင်းညိတ် ထောက်ခံလိုက်သည်။

ရှန်ဂွမ်ဇုဖန်လည်း သက်ပြင်းသာ ချလိုက်သည်။

နောက်ဆုံးတွင် သူ့ပါးထက်သို့ ပူနွေးသော မျက်ရည်များက စီးကျလာသည်။

ထို့နောက် ရဲရှောင်အား ကြည့်လိုက်ရင်း ခြောက်ကပ်ကပ် အသံဖြင့် -

“ညီလေးရဲ . . .”

“မင်းက သူလျှို ဖမ်းမိအောင် ငါတို့ကို ကူညီပေးခဲ့ တာပဲ၊ အခု ငါ့သားကိုလည်း မင်းအပေါ် ပုံအပ်လိုက်ပါ ပြီ . . .”

ရဲရှောင်က -

“ကျုပ်အကောင်းဆုံး ကြိုးစားမှာပါ စိတ်မပူပါနဲ့”

“သခင်လေးက အဆင်ပြေသွားလိမ့်မယ် . . .”

“ကောင်းကင်ဘုံကလည်း ဒီအတိုင်း ကြည့်နေမှာ မဟုတ်ပါဘူး . . .”

ရဲရှောင် ခေါင်းညိတ်ကာ ကတိပေးလိုက်သည်။

ထိုစကားက ရှန်ဂွမ်ဇုဖန်ကို နှစ်သိမ့်ပေးလိုက်ခြင်း လည်း ဖြစ်သလို သူ့ကိုယ်သူ အမွှမ်းတင်လိုက်ခြင်းပင်။

ရှန်ဂွမ်တိုင်ကိုသာ ကုသပေးနိုင်ပါက မည်သူမှ ကောင်းကင်ဘုံကို ကျေးဇူးတင်မည် မဟုတ်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now