အခန်း (၁၀၈၅)(စာစဉ် ၇၈- အပိုင်း ၇)
“ဘာတွေဖြစ်ကုန်တာလဲ”
လူများမှာ သက်ပြင်းကိုယ်စီချရင်း စိတ်မကောင်း ဖြစ်သွားကြသည်။
(ရဲရှောင်ဆိုတဲ့ ကောင်လေးရဲ့ အဖြစ်ကတော့ စိတ် မကောင်းစရာပဲ . . .)
(သူက မျိုးနွယ်စုရဲ့အဝေးမှာ နှစ်ပေါင်းများစွာ နေ ထိုင်ခဲ့ရတယ်၊ အခု အိမ်ပြန်ရောက်လာရတော့လည်း တစ်ညပဲ နေရသေးတယ်၊ ဒီလို ကလေးမျိုးက အခု တော့ သေအောင် ရိုက်နှက်ခံရတော့မယ်ပေါ့ . . .)
ထိုအချိန်မှာပင် အရိုးကျိုးသံတစ်ခုကို လူအများ ကြားလိုက်ကြရသည်။
“ဂျွတ် . . .”
ထို့နောက် ထိုအသံများမှာ ဆက်တိုက်ဆိုသလိုပင် ထွက်ပေါ်လာလေသည်။
“ဂျွတ် ဂျွတ် ဂျွတ် . . .”
ထိုသို့ တရစပ် ထွက်ပေါ်လာခြင်းက ခန္ဓာကိုယ် တစ်ခုလုံးရှိ အရိုးများ ကျိုးကြေသွားသလိုပါပင်။
ထိုအသံများကို နားထောင်နေရသော လူများအဖို့ အံ့ဩမှုနှင့်အတူ သွားများပင် ကျိန်းသွားကြသည်။
(တိုက်ပွဲက ပြီးသွားပြီလား . . .)
(တစ်ချက်တည်းနဲ့ ပြီးသွားတာလား . . .)
ထို့ကြောင့် မျက်လုံးမှိတ်ထားသော လူများလည်း မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ မြင်လိုက်ရ သည့် မြင်ကွင်းကြောင့် တုန်လှုပ်သွားကြလေသည်။
ရဲရှောင်မှာ မူလရပ်နေသည့် နေရာတွင်သာ ရပ်နေ တုန်းဖြစ်ပြီး ရဲဇိဖန်မှာမူ မရှိတော့ချေ။
ထိုအစား မြေပြင်ပေါ်၌ ပြန့်ကျဲနေသည့် အသားစ များကိုသာ တွေ့လိုက်ကြရသည်။
စင်စစ် တိုက်ခိုက်မှုပြီးနောက် ရဲဇိဖန်မှာ သေဆုံး သွားရုံမက ခန္ဓာကိုယ်မှာလည်း တစစီ ဖြစ်သွားခဲ့ရ သည်။
မည်မျှထိဆိုလျှင် လူရုပ်ပင် မပေါ်တော့ဘဲ အသား စများသာ ကျန်ရစ်ခဲ့တော့ခြင်း ဖြစ်သည်။
ထိုမြင်ကွင်းအား မျက်စိဖွင့်ထားသော လူများမှာမူ အစအဆုံး မြင်လိုက်ကြရသည်။
YOU ARE READING