Chapter (931)"မင်းကို ထိခွင့် မရှိဘူးလား"

188 13 0
                                    

Chapter (931)(စာစဉ် ၆၇- အပိုင်း၇)

“မင်းကို ထိခွင့် မရှိဘူးလား”

ရဲရှောင် မကျေမချမ်း ဖြစ်နေသည်။

သူ၏ ခေါင်းကို ခါယမ်းလိုက်ပြီး ဆေးလုံးကို ထုတ် လိုက်သည်။

တဖန် လက်ကို ဝေ့ယမ်းကာ အိပ်ကပ်ထဲသို့ ပြန်၍ ထည့်လိုက်ပြန်သည်။

ထို့နောက် သွေးထွက်နေသော ဒဏ်ရာနှင့် စုတ်ပြဲ နေသော သူ၏ ဝတ်ရုံကို ညွှန်ပြလိုက်သည်။

လက်တစ်ဖက်ကလည်း ခေါင်းကို ကိုင်လိုကြောင်း ပြသလိုက်သည်။

ထိုအဓိပ်ပာယျက -

(ငါ့အဝတ်စားတွေ မင်းကြောင့် ပြဲသွားပြီ . . .)

(ငါ့လက်လည်း နာသွားရပြီ . . .)

(ဒါတောင် မင်းကို ထိခွင့် ပေးတောင် မပေးနိုင်ဘူး လား၊ အဲဒါများ မင်းက ငါ့ဆီက ဟာကို ထပ်စားချင်နေ သေးတယ် . . .)

(ဒီလိုတော့ အဖြစ်မခံနိုင်ဘူး . . .)

လင်းယုန်ကြီးက ပိုပို၍ တောင်းပန်နေဟန်ပင်။

ခေါင်းကို ခါယမ်းလိုက်ပြီး အော်သံများ ပေးနေပြန် သည်။

“ဂီး ဂီး ဂီး . . .”

သို့သော် ၎င်း၏ မျက်လုံးထဲတွင်မူ သံသယများ ရှိနေသေးသည်။

တောင်ပံကို မြောက်လိုက်ပြီးနောက် ခြေထောက် နှစ်ဖက်ကို မြောက်လိုက်ချလိုက်ဖြင့် လုပ်နေသည်။

ရဲရှောင်က အားဟူနှင့် အချိန်ကြာမြင့်စွာ နေခဲ့၍ လက်ဟန်ခြေဟန် သဘောကိုမူ ကောင်းစွာ နားလည် သည်။

ထို့ကြောင့် လင်းယုန်ကြီး၏ ဆိုလိုရင်းကို အပြည့် အဝ နားမလည်သည့်တိုင် အကြမ်းဖျဉ်းတော့ သိလိုက် သည်။

စင်စစ် လင်းယုန်ကြီးက ညှိနှိုင်းလိုသည့် သဘော လုပ်ပြနေခြင်းပင်။

(ကောင်းပြီ . . .)

(ငါတို့တွေ မိတ်ဆွေ ဖြစ်လို့ရပြီ ဒါပေမယ့် ငါ့ခေါင်း ကိုတော့ မထိနဲ့ . . .)

(ဒါနောက်ဆုံး အခြေအနေပဲ . . .)

သို့သော် လင်းယုန်မှာ အားဟူ မဟုတ်၍ ရဲရှောင် နှင့် စိတ်ချင်းဆက်သွယ်နိုင်ခြင်း မရှိပါ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now