Chapter (909)"ချောက်ကမ်းပါးထဲ ခုန်ချခြင်း"

194 21 0
                                    

Chapter (909)(စာစဉ် ၆၅- အပိုင်း ၁၃)

“ချောက်ကမ်းပါးထဲ ခုန်ချခြင်း”

ရဲရှောင်က တွေဝေခြင်းမရှိဘဲ ချောက်ကမ်းပါးထဲ ခုန်ချခဲ့သည်။

ယခုလို ဖြစ်သည်က သူ့အဖို့ ပထမဆုံး အကြိမ် တော့ မဟုတ်ပေ။

ပထမအကြိမ်က လိဝူလျန်နှင့် ရဲရဲတင်းတင်းပင် ခုန်ချခဲ့သည် မဟုတ်ပါလား။

ယခု ခုန်ချသည့် အချိန်တွင်မူ ချောက်ကမ်းပါး အစွန်းနှင့် ကပ်၍ ခုန်ချခဲ့သည်။

ပေ ၁၅၀ အနက်သို့ ရောက်ချိန်တွင် သူ၏ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။

ထိုအခါ လက်နှစ်ဖက်က ဓားသွားများပမာ တောင် ၏ နံရံကို ရိုက်ခတ်သွားသည်။

ပြုတ်ကျသည့် အရှိန်ကို နှေးစေပြီး ခြေထောက် ချစရာ နေရာကို ရှာဖွေလို၍ ထိုသို့ ပြုလုပ်ခြင်းပင်။

ထင်ထားသည့် အတိုင်း ခြေထောက်အောက်တွင် ကျောက်ခဲတစ်ခဲကို စမ်းမိသွားသည်။

ထိုကျောက်ခဲပေါ်တွင် မတ်တပ်ရပ်ကာ အသက် ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် -

(တော်သေးတာပေါ့ . . .)

(ဒီကျောက်တုံးက ရှိနေတုန်းပဲ . . .)

သူတို့နှစ်ဦး ချောက်ကမ်းပါး ခုန်ချစဉ်က သေမလို ဖြစ်ခဲ့ရသည်။

ထို့ကြောင့် တစ်ဦးနှင့် တစ်ဦး ဖေးမပြီး အပေါ်သို့ တက်နိုင်ရန် နားလိုက် တက်လိုက်ဖြင့် လုပ်ခဲ့ရသည်။

ထိုသို့ နားနိုင်ရန် တောင်နံရံတွင် အမှတ်အသား အချို့လုပ်ကာ ခြေချလို့ရမည့် အနေအထားဖြစ်အောင် လုပ်ခဲ့ကြသည်။

တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ယခု ချောက်နက် ကြီးထဲ သူတို့ ခုန်ဆင်းကောင်း ပြန်ခုန်ဆင်းနိုင်သည်။

ထိုရည်ရွယ်ချက်ဖြင့် အမှတ်အသားများ လုပ်ခဲ့ကြ ခြင်းပါပင်။

သို့သော် ထိုသို့ မလုပ်နိုင်ခင်မှာပင် သူတို့နှစ်ဦးလုံး သေဆုံးခဲ့ရသည်။

ထို့ကြောင့် အမှတ်အသားများက သူတို့နှစ်ဦးသာ သိသည့် လျှို့ဝှက်ချက်ကြီး ဖြစ်ခဲ့တော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားOpowieści tętniące życiem. Odkryj je teraz