Chapter (888) "နီးလျက်နှင့်ဝေး"

228 22 0
                                    

Chapter (888)(စာစဉ် ၆၄- အပိုင်း၆)

“နီးလျက်နှင့်ဝေး”

ဇန်ယွန်ဖေ့ သဘောပေါက်သွားသည်။

သို့သော် သူ့အဖို့ အသိနောက်ကျသွားချေပြီ။

အချိန်အားဖြင့် ၄နာရီခန့်ပင် ကွာဟသွားပြီ မဟုတ်ပါလား။

ထို့ကြောင့် သူလည်း တွေဝေမနေတော့။

သစ်ပင်ကြီး နောက်သို့ ချက်ချင်း ပြေးသွားကာ အမြစ်ကို တူးဆွ ကြည့်လိုက်သည်။

ထိုအခါ မြေတွင်းပေါက်ကြီး တစ်ခု ရှိနေသည်ကို သူတွေ့လိုက်ရသည်။

ထိုအပေါက်နားတွင် စာတစ်စောင်ကို ထပ်မံ မြင် လိုက်ရပြန်သည်။

‘တကယ်တော့ ခင်ဗျား လိုက်ရှာတဲ့အချိန် ကျုပ် က ဒီမှာ ပုန်းနေသေးတယ် . . .’

‘ဒါပေမယ့် ကျုပ်ဒီမှာ ရှိနေတယ်လို့ ခင်ဗျား သဘောပေါက်သွားတဲ့ အချိန်မှာ အချိန်က အတော် ကြာသွားပြီ . . .’

‘ကျုပ်ကို တခြားနေရာတွေမှာ အချိန်အကြာကြီး ရှာနေခဲ့ပုံရတယ် . . .’

‘အခုလက်လျှော့လိုက်ပါတော့ . . .’

‘ကျုပ်ကို ဒီတစ်ကြိမ် ခင်ဗျား ဖမ်းနိုင်မှာ မဟုတ် တော့ဘူး . . .’

‘အစ်ကိုဇန် ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့’

စာကိုဖတ်ရင်း ဇန်ယွန်ဖေ့ မခံချိ မခံသာပင် ဖြစ် သွားသည်။

ထို့ကြောင့် ထိုနေရာတစ်ဝိုက်ကို မကျေမနပ်ဖြင့် ထပ်တလဲလဲပင် ရှာနေမိသည်။

သို့သော် သူ့အဖို့ ထူးခြားမှုက ဖြစ်မလာ။

အချိန်များကသာ တရွေ့ရွေ့ ကုန်ဆုံးလာပါတော့ သည်။
. . .

လဝက်ခန့်ပင် ကြာလာပြီ ဖြစ်သည်။

ဇန်ယွန်ဖေ့မှာမူ လက်မလျှော့သေး။

ခြေတို၍ ဖိနပ်ပါးလာပါစေ သူဂရုမစိုက်။

မိုင်သုံးဆယ် ပတ်လည်အတွင်း ရဲခွန်ရှောင် ရှိမရှိ အရူးအမူးပင် လိုက်ရှာနေမိတုန်းပါပင်။

သို့သော် သူ့အဖို့ အစအနပင် ရှာမရတော့ချေ။

ထို့ပြင် ရဲခွန်ရှောင်ထံ မှတ်သားထားသော ဝိညာဉ် အမှတ်အသားကလည်း အလုပ်မလုပ်တော့ပြီ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားOù les histoires vivent. Découvrez maintenant