အခန်း (၉၇၃)"ဘာအတွက် ကြောက်ရမလဲ"

163 14 0
                                    

အခန်း (၉၇၃)(စာစဉ် ၇၀- အပိုင်း၇)

“ဘာအတွက် ကြောက်ရမလဲ”

ဟန်ပိုင်ယွဲ့မှ ထိုလူများ အင်အားကြီးသည်ကို သိ သည့်တိုင် တုန်လှုပ်သွားခြင်း မရှိပေ။

ထို့နောက် လူ၁၉ ယောက်အား ခပ်အေးအေးပင် လှမ်းကြည့်ရင်း -

“ဪနေရောင်ဂိုဏ်းက မိတ်ဟောင်းဆွေဟောင်း တွေပါလား . . .”

“ဘာလို့ ကျုပ်အတွက်နဲ့ လူတွေ အများကြီး လွှတ်လိုက်တာလဲ . . .”

“ခင်ဗျားတို့ကရော အခုမှ ဘယ်ချောင်ကနေ ထွက် လာကြတာလဲ . . .”

ဟန်ပိုင်ယွဲ့မှာ မထိတထိ ပြောလိုက်သည်။

‘အစပိုင်းတွင် မိတ်ဆွေ’ဟု ဆိုပြီး နောက်ပိုင်းတွင် ထိုးနှက်လိုက်သဖြင့် တစ်ဖက်မှ လူများအဖို့ ဒေါသ ထွက်သွားမည်မှာ အသေအချာပင်။

မုတ်ဆိတ်ဖြူ အဘိုးကြီးမှလည်း ဟန်ပိုင်ယွဲ့အား ကြည့်ရင်း ခနဲ့တဲ့တဲ့ဖြင့် -

“ဟန်ပိုင်ယွဲ့ . . .”

“မင်းရဲ့ ရူးကြောင်ကြောင် ကစားကွက်တွေနဲ့ ငါ့ရဲ့ လူတွေကို အရူးလာလုပ်မနေနဲ့ . . .”

“မင်းကတော့ အောင်မြင်တယ်လို့ ခံစားလိုက်ရမှာ ပေါ့ ဟုတ်တယ်မှတ်လား . . .”

ဟန်ပိုင်ယွဲ့မှ ခေါင်းညိတ်လျက် -

“ဒါပေါ့ ဒါပေါ့ . . .”

“ဒီလိုမျိုး ပြန်ကြားရတာ သိပ်ကို နားထောင်လို့ ကောင်းတာပဲ . . .”

အဘိုးကြီးမှာ ခဏမျှ ကြောင်ငေးသွားပြီးနောက်မှ ရယ်မောလိုက်ရင်း -

“ဟန်ပိုင်ယွဲ့ . . .”

“အခုတော့ မင်းအသက်ကို ပေးရတော့မယ် ထင်ပါ့ ဟုတ်တယ်မလား . . .”

ဟန်ပိုင်ယွဲ့မှာမူ အဘိုးကြီး၏ စကားကို ဂရုမစိုက် ဘဲ မှင်သေသေ မျက်နှာထားဖြင့်သာ ရှိနေသည်။

အကယ်၍ သူနှင့် ရဲရှောင်သာ ရှိနေပါက သူ့အဖို့ ထွက်ပြေးရန်မှလွဲ အခြားမရှိပေ။

ရဲရှောင်ကို ကယ်တင်ရန် မဆိုနှင့် သူ့ကိုယ်သူပင် မနည်းလွတ်အောင် ပြေးရမည်သာ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now