1049----1050

182 13 1
                                    

အခန်း (၁၀၄၉)(စာစဉ် ၇၅- အပိုင်း၁၃)

“အရိုက်ခံရဖို့ မျှော်လင့်ခြင်း”

“ကောင်းတယ် . . .”

“တကယ်ကို ကောင်းတဲ့ အလောင်းအစားပဲ . . .”

“ပြိုင်ပွဲပြီးသွားရင် တစ်ယောက်ယောက်ကတော့ ကျိန်းသေပေါက်ကို ပျော်ရတော့မှာပဲ . . .”

ထိုစဉ် စူးရှသည့် အသံ ထပ်မံ၍ -

“ကောင်းပြီ ငါက ဒေါင်ဝုရှန်နဲ့ လောင်းမယ် . . .”

“ငါ့ရဲ့ ဓားဝိညာဉ်တော် နဲ့ သူ့ဓား ဝိညာဉ်တော်က တစ်ခုတည်းအဖြစ် ပေါင်း စည်းသွားလိမ့်မယ် . . .”

“ပြီးရင် စကြာဝဠာကြီးရဲ့ တစ်နေရာမှာ ရှိနေပြီး စစ်မှန်တဲ့လူက တွေ့တဲ့အခါ အနိုင်ရသူရဲ့ ဆုကြေးပဲ ပေါ့ . . .”

“ကောင်းပြီ သဘောတူတယ် . . .”

အသံခပ်ဩဩဖြင့် လူမှ သဘောတူလိုက်သည်။

ထိုအသံကို ကြားသောအခါ ရဲရှောင် တုန်လှုပ်သွား မိသည်။

ထိုလူ၏ အသံက မာန်အပြည့် ဟိတ်ဟန်အပြည့် ပင် ဖြစ်နေလေသည်။

ယခုမတိုင်ခင်က မရဏဓား လိဝူလျန်ကို ဓားရေး နှင့် ပတ်သက်လျှင် အစွမ်းထက်ဆုံးဟု ရဲရှောင် မှတ် ယူထားမိသည်။

သို့သော် ယခုအခါတွင်မူ လိဝူလျန်က အများဆုံး ဒုတိယအဆင့်လောက်သာ ဖြစ်နိုင်ပေတော့မည်။

အဆင့်တစ်ဆင့် ဆိုသော်ငြား ကွာခြားမှုကမူ ကြီး မားလွန်းသည် မဟုတ်ပါလား။

ယခု အသံခပ်ဩဩဖြင့် လူမှာ ဓားရေးတွင်မက ကျင့်ကြံမှုအပိုင်းတွင်ပါ အံ့ဩဖို့ကောင်းသည့် လူဖြစ် နိုင်ကြောင်း ရဲရှောင် ကောက်ချက်ချမိလိုက်သည်။

သူခန့်မှန်းသည်ထက် ပို၍ပင် သာလွန်နိုင်ပါသေး သည်။

ထိုသို့သော လူမျိုးအား လိဝူလျန်နှင့် နှိုင်းယှဉ်ရန် ကြိုးစားနေခြင်းက ထိုလူကို စော်ကားရာပင် ရောက် နေလိမ့်မည်။

ထိုသို့ နှိုင်းယှဉ်ခံရသည်ကို လိဝူလျန် သိသွားပါက လည်း ရဲရှောင်ကို ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now