အခန်း (၉၅၉)(စာစဉ် ၆၉- အပိုင်း၇)
“ကြောင်တစ်ကောင်မှ ရိုက်နှက်ခြင်း”
“ညောင် . . .”
အားဟူမှာ စိတ်မရှည် ဖြစ်လာသည်။
ဟန်ပိုင်ယွဲ့ကိုလည်း နားမလည်နိုင်သည့် မျက်လုံး များဖြင့် စိုက်ကြည့်လျက် ရှိနေသည်။
(ဒီလူက ဘာလို့ ဒီလောက်ထိ တုံးအနေရတာလဲ၊ ကြောင်စကား ပြောတတ်တာ အထင်ကြီးဖို့ကောင်း တယ်ဆိုတော့ ဝန်ခံပါတယ် . . .)
(ဒါပေမယ့် အခု ငါ့ဘက်ကကို အောက်ကျို့ခံပြီး စကားပြောနေတာကို ဘာထကြောင်ပြန်တာလဲ . . .)
(ဒီလို ပြောတယ်ဆိုတာ သူ့အပေါ် ငါကကောင်း ကောင်းမွန်မွန် ဆက်ဆံချင်လို့ပေါ့ . . .)
(ဒါတောင် ဘာလို့ နှုတ်ဆိတ်နေရတာလဲ . . .)
“ညောင် . . .”
အားဟူမှာ ဇွဲမလျှော့သေးဘဲ ထပ်မံ အော်ဟစ်ပြန် သည်။
ထိုအသံကား မေးခွန်း ထုတ်နေသည့် အသံပါပင်။
သို့သော် တုန့်ပြန်မှုကို ပြန်မရဘဲ ဟန်ပိုင်ယွဲ့မှာ ကြောင်ငေး၍သာ ကြည့်နေသည်။
ရဲရှောင်မှာမူ အားဟူတို့အား ကြည့်၍ အရယ်လွန် ကာ ဗိုက်များပင် အောင့်နေချေပြီ။
ထိုမြင်ကွင်းကလည်း အလွန်ပင် ရယ်စရာကောင်း သည် မဟုတ်ပါလား။
စင်စစ် ဟန်ပိုင်ယွဲ့မှာ အားဟူထင်သကဲ့သို့ မဟုတ် ဘဲ ဘာဆိုဘာမှ နားမလည်ချေ။
အားဟူဆိုသည့် အဓိပ္ပာယ်မှာ အရူးဟု အဓိပ္ပာယ် ရပြီး ဟန်ပိုင်ယွဲ့မှာလည်း နောက်ထပ် အားဟူပင် ဖြစ် နေတော့သည်။
အချိန်အတန်ကြာအထိ တုန့်ပြန်မှုမရ၍ အားဟူ မှာ စိတ်မရှည်တော့ဘဲ ဒေါသများ စတင်ထွက်လာ သည်။
(သေလိုက်တော့ . . .)
(ငါ့မှာတော့ သူ့အပေါ် ကောင်းလိုက်ရတာ၊ သူက ငါ့ဆီ တုန့်ပြန်မှုတောင် ပြန်မလာဘူး . . .)
(ဒါငါ့ကို သက်သက် သိက္ခာလာချနေတာပဲ ခင်ဗျား လို လူမျိုးကို သင်ခန်းစာကောင်းကောင်းပေးမှကိုဖြစ် လိမ့်မယ် . . .)
ESTÁS LEYENDO