အခန်း (၉၉၄)"ကျိုးကြောင်းမဆင်ခြင်နိုင်ခြင်း"

154 13 1
                                    

အခန်း (၉၉၄)(စာစဉ် ၇၁- အပိုင်း ၁၄)

“ကျိုးကြောင်းမဆင်ခြင်နိုင်ခြင်း”

အေးစက်စက်ဖြင့် ပြောလိုက်သည့် အသံကို လူ တိုင်း ကြားလိုက်ကြရသည်။

“ဒူးထောက်နေကြစမ်း . . .”

“အားလုံး ဒူးထောက်နေကြ . . .”

“မျိုးမစစ်ကောင်တွေ ဘယ်လို ဒူးထောက်ရမလဲ ဆိုတာတောင် မသိကြဘူးလား . . .”

“ဘာလဲ မင်းတို့ မွေးကတည်းက မစင်စားပြီး ကြီး လာတဲ့ ကောင်တွေ မလို့လား . . .”

“ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်စမ်းပါဦး မစင် တောင် ရိုးရိုးမစင် မဟုတ်ဘူး အေးခဲနေတဲ့ မစင်တွေ ကို စားလာရတဲ့ ကောင်တွေ . . .”

“မင်းတို့ရဲ့ ဒူးတွေကို တစ်တန်းတည်းဖြစ်အောင် ထိုင်ထားကြ မျိုးမစစ်ကောင်တွေ . . .”

“မင်းတို့ ၁၅ ယောက်လုံး တစ်တန်းတည်းဖြစ် အောင်ကို ထိုင်ကြ ကြားလား . . .”

“မင်းတို့ လူစကား နားလည်တယ် မဟုတ်လား ဘာလဲ တမင်လုပ်နေတာလား ဒါမှမဟုတ် မကြားချင် ယောင်ဆောင်နေတာလား ပြောစမ်း . . .”

“ဖြန်း . . .”

ကြိမ်းမောင်းသံ၏ နောက်တွင် ‘ဖြန်းကနဲ’ မြည် အောင် ရိုက်ချလိုက်သည့် အသံကို ကြားလိုက်ရသည်။

“ဖြန်း . . .”

“ဒူးကို တန်းစီပြီး ထောက်ထားကြ နားလည်လား၊ မင်းတို့ရဲ့ ပခုံးတွေကလည်း တစ်တန်းတည်း ရှိရမယ်၊ အားလုံး တစ်ပြေးညီတည်း ဖြစ်ရမယ် . . .”

“ခေါင်းတွေရော၊ ရင်ဘတ်တွေရော အကုန်လုံး တစ်တန်းတည်းပဲ ဖြစ်ရမယ် . . .”

“တစ်တန်းတည်း ဒူးထောက်ထားလို့ ငါပြောနေ တယ်လေ၊ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြစမ်း . . .”

“တစ်ဖြောင့်တည်း ဖြစ်အောင် ဒူးထောက်ရမယ် ဆိုတာကို နားမလည်ကြဘူးလား . . .”

“ရင်ကိုကော့ပြီး ခေါင်းကိုမော့ထား ခြေထောက် တွေကိုလည်း တစ်တန်းတည်း ထားထား . . .”

“မင်းက ဆောင်မျိုးနွယ်စုရဲ့ အမွေဆက်ခံသူပေါ့ ဟုတ်လား . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora