1009---1010

186 15 1
                                    

အခန်း (၁၀၀၉)(စာစဉ် ၇၃- အပိုင်း ၁)

“လူထူးလူဆန်းများ”

တောင်ကြီးကို ထိုသို့ ဖြစ်အောင် လုပ်ရန် ပထမဦး ဆုံးအနေဖြင့် ထိုမျှလောက်ထိ သက်ရောက်မှု ရှိစေနိုင် သည့် စွမ်းအင်မျိုး ရှိရန် လိုအပ်သည်။

ဤသည်မှာ မခက်ခဲ၊ ရွှမ်ပိုင်ပင်လျှင် လုပ်နိုင်လိမ့် မည်။

စင်စစ် ရွှမ်ပိုင် မဆိုနှင့် ဟန်ပိုင်ယွဲ့ပင် လုပ်နိုင်ပေ လိမ့်မည်။

သို့သော် ထိုအချက်က ပထမအချက်သာ ဖြစ်ပြီး ဒုတိယအချက်မှာမူ စိန်ခေါ်မှု တစ်ရပ်ဟုပင် ဆိုရမည်။

နှစ်ခြမ်း ဖြစ်တည်နေသည့် တောင်ကြီးအား တစ် ပြိုင်တည်းဖြင့် အထောက်အပံ့ ပြုနိုင်ရန်မှာ ရွှမ်ပိုင် အတွက်ပင် ခက်ခဲမှု ရှိနိုင်သည်။

တစ်ဖက်နှင့် တစ်ဖက် အမှီသဟဲ ပြုအောင် လုပ် သည့် အဆင့်မှာ ခက်ခဲသော်လည်း ထိုအဆင့်ထိကိုမူ ရွှမ်ပိုင် လုပ်နိုင်လိမ့်မည်။

အဓိက ပြဿနာမှာ ထိုသို့ မျှခြေဖြစ်အောင် လုပ် သည့်အချိန်၌ နှစ်ခြမ်းဖြစ်နေသည့် တောင်ကြီး မပြိုလဲ သွားစေရန် ထိန်းထားနိုင်ရန် ဖြစ်သည်။

ရွှမ်ပိုင်လည်း ဖြစ်နိုင်ချေ ရှိသည့် အချက်များကို စဉ်းစားနေမိသည်။

အကယ်၍ သူမသာ လုပ်မည်ဆိုပါက ပထမဦးဆုံး အနေဖြင့် တစ်ဖက်တစ်ချက်ရှိ တောင်များကို ဖြိုချပစ် မည်။

ဒုတိယ အချက်အနေဖြင့် ပြိုကျလာမည့် ကျောက် သား အပိုင်းအစများကို မျှခြေဖြစ်အောင် လုပ်မည်။

သို့မှသာ တောင်များ ဟန်ချက်ညီကာ လဲပြိုမသွား မည် ဖြစ်သည်။

သို့သော် ထိုသို့သော နည်းလမ်းကို စဉ်းစားမိသည့် တိုင် သူမအဖို့ လုံးဝပြီးပြည့်စုံအောင် လုပ်နိုင်ဖို့ရာ မ သေချာ။

အလွန်အစွမ်းထက်သည့် စွမ်းအားများ၊ အလျင် မြန်ဆုံး နှုန်းထားနှင့် ဟာကွက်မရှိအာင် ပြီးပြည့်စုံနေ သည့် တိကျမှုများကသာ ထိုသို့ဖြစ်အောင် ဖန်တီးပေး နိုင်လိမ့်မည်။

ထိုအချက်များသာ မရှိပါက လက်ရှိ ဖြစ်တည်နေ သည့် တောင်ကြီးအတိုင်း ဖြစ်ရန်မှာ မလွယ်ကူပါ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now