Chapter (901)"လိဝူလျန် ဆိုသည်မှာ"

205 17 0
                                    

Chapter (901)(စာစဉ် ၆၅- အပိုင်း ၅)

“လိဝူလျန် ဆိုသည်မှာ”

လူတိုင်း အပြင်သို့ ထွက်သွားသည်။

ထိုအခါ ရှန်ဂွမ်ဇုဖန်က တည်ကြည်သော မျက်နှာ ထားဖြင့် -

“ညီလေးရဲ . . .”

“မင်းက . . .”

ရဲရှောင်က စကားအစမခံ။

ချက်ချင်းပင် စကားစကို ဖြတ်ရန် ကြိုးစားလိုက် သည်။

“ဒီကိစ္စတွေ ပြောဖို့က အချိန်ကောင်း မဟုတ်သေး ဘူး၊ အချိန်ကျမှ ပြောကျတာပေါ့ . . .”

“ခင်ဗျားက အခု ဘာမှ မလုပ်နိုင်သေးဘူး၊ ကျုပ် ဘာကို ဆိုလိုလဲဆိုတာ ခင်ဗျား သိမှာပါ . . .”

ရှန်ဂွမ်ဇုဖန်လည်း ခေါင်းညိတ်လိုက်ကာ -

“ကောင်းပြီ . . .”

“ဒါပေမယ့် ငါ့မိတ်ဆွေ လိဝူလျန်အတွက် အမှန် တရားကို ရှာဖွေရမယ် ငါ့ခြေထောက် ရှိရှိ မရှိရှိပေါ့”

ရဲရှောင်က အပြုံးဖြင့် -

“ခင်ဗျားခြေထောက်တွေက အဆင်ပြေသွားမှာပါ၊ ဒါနဲ့ ခင်ဗျားကဘာလို့ ကျုပ်ကို ဒီလောက်ထိ ယုံကြည် သွားရတာလဲ . . .”

ရဲရှောင် မေးသည်ကလည်း မှန်သည်။

တစ်ယောက်နှင့် တစ်ယောက်က စကား အနည်း ငယ်ပင် ပြောရသေးသည် မဟုတ်ပါလား။

ရှန်ဂွမ်ဇုဖန်က ပြုံးလိုက်ပြီး -

“တစ်ခါတစ်လေ နှစ်ပေါင်းများစွာ ကြာတာတောင် လူတွေက တစ်ယောက်နဲ့ တစ်ယောက် သူစိမ်းလိုပဲ ဆက်ဆံတတ်ကြတယ် . . .”

“ဒါပေမယ့် တစ်ခါတစ်လေမှာတော့ စက္ကန့်ပိုင်း အတွင်းမှာကို အရင်းနှီးဆုံး လူတွေ ဖြစ်သွားတတ်ကြ တယ် . . .”

“မင်းနဲ့ ငါ့ကြားမှာ စကားလုံး နည်းနည်းလေးနဲ့ကို လုံလောက်သွားပါပြီ . . .”

“မင်းငါ့ကို တီးတိုး ပြောခဲ့တဲ့ စကားလုံးတွေက ငါနဲ့ ညီလေးလိတို့ပဲ သိတာ . . .”

“ရှောင်ဧကရာဇ်လည်း သိမယ်လို့တော့ ငါထင်ပါ တယ် ဒါပေမယ့် ညီလေးရဲက သိနေလိမ့်မယ်လို့တော့ ငါမထင်ခဲ့မိဘူး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now