အခန်း (၉၇၄)(စာစဉ် ၇၀- အပိုင်း ၈)
“ပြဿနာပေါင်းသောင်းခြောက်ထောင်”
အခြေအနေများမှာ ဟန်ပိုင်ယွဲ့ ထင်သလိုမဟုတ်။
ရဲရှောင်မှာ တည်တည်ငြိမ်ငြိမ်ဖြင့် ပုံမှန်တိုင်းသာ ရှိနေသည်။
စင်စစ် ရွှမ်ပိုင်မှ သူမ၏ စွမ်းအားများဖြင့် ရဲရှောင် အား အကာအကွယ် ပေးထားခြင်း ဖြစ်သည်။
ထို့ကြောင့် ရဲရှောင်မှာ အော်သံကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိသွားခဲ့ပေ။
ရန်သူများထံမှ စွမ်းအင်လှိုင်းများ ထွက်ပေါ်ချိန်က ရဲရှောင်အဖို့ ပြင်ဆင်ချိန် မရလိုက်၍ စိတ်ထဲ တုန်လှုပ် သွားမိသည်။
သို့သော် ထိပ်သီးပညာရှင်ကြီး ဖြစ်သော ရွှမ်ပိုင်ရှိ နေ၍ လုံခြုံမည်ကိုမူ သိလိုက်သည်။
(ရွှမ်ပိုင်က ငါ့ကို ဂရုစိုက်တဲ့ပုံပဲ . . .)
(တကယ်လို့ သူသာ ငါ့ကို အခုနေ အချိန်မီ မကယ် နိုင်ခဲ့ရင် ဒီအင်အားပြင်းတဲ့ အော်သံကြောင့် ငါအပြင်း အထန် ဒဏ်ရာ ရသွားနိုင်တယ် . . .)
(အသက်ရှင်နိုင်ရင်တောင် အတော်ကြီးကို ထိခိုက် သွားမှာ . . .)
“ဟန်ပိုင်ယွဲ့ . . .”
“ဘာပဲပြောပြော အခု မင်းက သေလူဖြစ်နေပြီ”
သက်လတ်ပိုင်းအရွယ် လူမှ ခြောက်ကပ်ကပ်အသံ ဖြင့် ပြောလိုက်သည်။
ထို့နောက် ဟန်ပိုင်ယွဲ့အား ကြည့်ရင်း ဆက်လက် ၍ -
“မင်းပြောခဲ့သလိုပဲ မင်းက အမှားလုပ်ခဲ့တယ်”
“အဲဒီအတွက် ဒီနေ့တော့ ငါတို့ လက်ထဲကနေ မင်းမလွတ်နိုင်တော့ပါဘူး . . .”
“မင်းတင်မကဘူး မင်းရဲ့သားပါ သေချာပေါက်ကို သေရမှာ . . .”
“အဖေနဲ့သားက တစ်ပုံစံတည်းပဲ . . .”
“သူ့ကိုလည်း ကြည့်စမ်းပါဦး ဒီလို အခြေအနေမျိုး မှာတောင် အဖေအတိုင်းပဲ မိန်းကလေးတစ်ယောက်နဲ့ သာယာနေနိုင်သေးတယ် ဟားဟား . . .”
“ဒါနဲ့ ဒီမိန်းကလေးကတော့ မင်းရဲ့သားနောက်ကို လိုက်လာခဲ့တာ ကံဆိုးပြီ ထင်တယ် . . .”
YOU ARE READING