Chapter (944)"ဆုလာဘ်လော အိပ်မက်ဆိုးလော"

174 17 0
                                    

Chapter (944)(စာစဉ် ၆၈- အပိုင်း၆)

“ဆုလာဘ်လော အိပ်မက်ဆိုးလော”

ဟန်ပိုင်ယွဲ့က မသိသော လူများနှင့်ဆိုလျှင် ရေခဲ တုံးအလား အေးစက်လွန်းသည်။

သို့သော် ရှောင်ဧကရာဇ်နှင့်သာ ဆိုပါက မရပ် မနားပင် ပြောဆိုတတ်သူ တစ်ဦးဖြစ်သည်။

ထိုသို့ သူ ခင်မင်ရင်းနှီးရသော လူသာ အသက်ရှင် နေသည်ကို သိပါက မည်သို့ ဖြစ်သွားနိုင်သနည်း။

အနက်ရောင် မဟာမိတ်မြင်းတပ် နှင့် မီးခိုးရောင် ဝံပုလွေတို့ထံ သတင်းသွားပို့ပြီး သေချာပေါက်ပင် ပြဿနာများ ရှာပေလိမ့်မည်။

ထို့ကြောင့် ယခုအချိန်က အချိန်ကောင်း မဟုတ် သေးကြောင်း ရဲရှောင် တွေးလိုက်ခြင်း ဖြစ်သည်။

သူ၏ ဝန်ခံချက်က သူချစ်ရသော လူများ အားလုံး ကို သေတွင်းထဲ ပို့သလို ဖြစ်နေမည်မှာ အသေချာပင်။

ဟန်ပိုင်ယွဲ့လို ခေါင်းမာသူ တစ်ဦးက အခြားသော လူများ၏ စကားကို နားဝင်လိမ့်မည် မဟုတ်ပါ။

ရဲရှောင်၏ စကားတစ်ခွန်းကိုသာ ဟန်ပိုင်ယွဲ့က အမိန့်လို နာခံခြင်း ဖြစ်သည်။

ထိုအချက်ကို ကြည့်ရုံဖြင့် ဟန်ပိုင်ယွဲ့မှ ရဲရှောင် ကို မည်မျှ ခင်မင်လေးစားကြောင်း သိနိုင်သည်။

ထို့ကြောင့် ရဲရှောင်အတွက် လက်စားချေမည့်ကိစ္စ တွင် လာတားသူက လိဝူလျန် ဖြစ်နေလျှင်ပင် သူ့အဖို့ တိုက်ခိုက်ရန် ဝန်လေးနေမည် မဟုတ်ပေ။

“မင်းဘက်က မပြောချင်ဘူး ဆိုတာကိုလည်း ငါသိပါတယ် . . .”

“ဒါပေမယ့် ငါလည်း အတော်လေး သိချင်နေလို့ပါ၊ မင်းငါ့ရဲ့ သရုပ်မှန်ကို ဘယ်လိုသိနေရတာလဲ . . .”

“ငါတို့ အရင်က တစ်ခါမှ မဆုံဖူးဘူးဆိုတာ ကိုတော့ ငါသေချာသိတယ် . . .”

ဟန်ပိုင်ယွဲ့က ရဲရှောင်ကို လှမ်းကြည့်ပြီး ပြော လိုက်သည်။

သူ၏ မျက်လုံးများထဲတွင်လည်း သံသယရိပ်များ ဖုံးလွှမ်းနေသည်။

ရဲရှောင်လည်း ဟန်ပိုင်ယွဲ့၏ မျက်လုံးများကို ပြန် စိုက်ကြည့်လိုက်ပြီး အပြုံးဖြင့် -

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားTahanan ng mga kuwento. Tumuklas ngayon