1019---1020

181 13 1
                                    

အခန်း (၁၀၁၉)(စာစဉ် ၇၃- အပိုင်း ၁၁)

“အိပ်မပျော်နိုင်သော ည”

အချိန်ကြာမြင့်စွာ အိပ်စက်နေရာမှ အားဟူ နိုးထ လာခဲ့သည်။

ထို့နောက် သမ်းဝေကာ အပျင်းကြော တစ်ချက် ဆန့်လိုက်ပြန်သည်။

တဖန် ၎င်း၏ ရှေ့ခြေများကို ပွတ်သပ်လိုက်ပြန် ရင်း ညှင်သာစွာဖြင့် လျှောက်လှမ်းသွား၏။

ထိုသို့ သွားနေရင်းဖြင့် ရုတ်တရက် ရပ်တန့်လိုက် ပြီး ခန္ဓာကိုယ်ကို ခါယမ်းလိုက်ပြန်သည်။

ထပ်မံ၍ ပျင်းရိ ငြီးငွေ့သွားသည့် ဟန်မျိုးလည်း ရှိ ၏။

ခဏအကြာတွင် ရှေ့နောက် လျှောက်လှမ်းနေရင်း ဖြင့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အားဟူ အံ့ဩ သွားသည်။

မြွေကြီးများမှာ တရှူးရှူး နှာမှုတ်နေခြင်းကြောင့် ဖြစ်သည်။

၎င်းတို့၏ အရွယ်အစားများကလည်း ယခင်နှင့် မတူ ပိုမို ကြီးမားလာကြသည်။

ထို့ပြင် မျက်လုံးများ အတွင်း၌လည်း အားဟူကို ကြောက်ရွံ့နေမှုများက အတိုင်းသား ပေါ်လွင်လျက် ရှိ နေသည်။

အချိန်အတော်ကြာ အိပ်စက်ပြီးနောက် အားဟူမှာ ယခင်ထက် ပိုမို အစွမ်းထက်လာသည့် ပုံပင်။

မြွေများမှာ တိရစ္ဆာန်များပီပီ အာရုံခံနိုင်စွမ်း မြင့် မား၍ ထိုကဲ့သို့ အတပ်သိနေရခြင်း ဖြစ်သည်။

သို့သော် ယခင်ထက် မည်မျှလောက်ထိ အစွမ်း ထက်လာသည်ကိုမူ မည်သူမှ အတိအကျ မသိနိုင်မည် မှာ သေချာလှပါတော့သည်။
. . .

ရွှမ်ပိုင်နှင့် ဟန်ပိုင်ယွဲ့တို့၏ အမြင်၌ ရဲရှောင်ကို ပုံမှန် ကျင့်ကြံမှု လုပ်နေသည်ဟုသာ ထင်မြင်နေကြ သည်။

စင်စစ် ရဲရှောင်က ယခုနေရာရှိ ချီဓာတ်များကို စုပ် ယူနိုင်ရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။

ရဲရှောင်အတွက်မူ ယခုညမှာ ပုံမှန် ညတာများ ထက် ပိုမို ရှည်လျားနေသယောင်ပါပင်။

ထို့ပြင် စိတ်ထဲ၌လည်း ကျေနပ်မိလျက် ရှိသည်။

(နေ့သစ်တွေကိုလည်း ရောက်လာတော့မယ် . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now