1095----1096

178 15 1
                                    

အခန်း (၁၀၉၅)(စာစဉ် ၇၉- အပိုင်း ၃)

“တစ်ချက်တည်း ရိုက်ရုံမျှသာ”

ယခုတိုက်ခိုက်ချင်နေသည့် လူငယ်များက ရဲရှောင် အား လူပေါင်းများစွာ သတ်ဖြတ်ခဲ့သည့် နတ်ဘုရားလို လူတစ်ဦးဖြစ်သည်ဆိုသည်ကို သိလျှင် မည်သို့ ခံစားရ ပါမည်နည်း။

သူတို့ ကြောက်ရွံ့သွားကြမည်မှာ သေချာလှသည်။

ထို့ပြင် ရဲရှောင်မှာ ရှောင်ဧကရာဇ်လောက် အစွမ်း မထက်သေးသည့်တိုင် အတော်အတန် အစွမ်းထက်နေ ပြီဟု ဆိုရမည်။

သို့‌သော် ယခုအခါတွင်မူ မူလဝိညာဉ်တော် အဆင့် ငါး၊ အဆင့်ခြောက်ပုံစံမျိုးဖြစ်အောင် ဟန်ဆောင်ထား လေသည်။

တကယ်တမ်းတွင်မူ ပြိုင်ဘက်ကင်းပြီး ယခုရှိနေ သော လူငယ်များထက် များစွာ အစွမ်းထက်နေသည် မဟုတ်ပါလား။

ထို့ကြောင့် ထိုလူငယ်များအားလုံး တစ်ပြိုင်တည်း တိုက်ခိုက်လာလျှင်ပင် ရဲရှောင်မှ အလွယ်တကူဖြင့်ပင် အနိုင်ယူနိုင်လိမ့်မည်။

ထိုအချက်များကြောင့် ဟန်ပိုင်ယွဲ့မဆိုနှင့် ရဲရှောင် ပင်လျှင် ယခုအခြေအနေကို အံ့ဩမိနေလေသည်။

(ဒီကောင်တွေက ဘာလို့ တိုက်ခိုက်ဖို့အတွက် အဲဒီ လောက်ထိ စိတ်အားထက်သန်နေကြတာလဲ . . .)

(သူတို့ ကိုယ်သူတို့ ပြိုင်ဘက်ကင်းများ ထင်နေကြ တာလား . . .)

ရေခဲလနန်းတော်တွင် ထိပ်ဆုံး ဂိုဏ်းသားဖြစ်ရန် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရစဉ်က ရဲရှောင်မှာ အားနည်းနေ သေးသည်။

ထိုစဉ်က စင်မြင့်ထက်တွင် တိုက်ခဲ့စဉ် အစပိုင်း၌ ရိုက်နှက်ခံခဲ့ရသော်လည်း နောက်ဆုံးတွင်မူ အရာအား လုံးကို ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော် ယခုအခါတွင်မူ ယခင်နှင့်မတူ၊ အခြေ အနေများမှာ ပြောင်းလဲသွားခဲ့ချေပြီ။

ထို့ပြင် ယခုယှဉ်ပြိုင် တိုက်ခိုက်ရမည့် တစ်ဖက်လူ များမှာလည်း သူ့ထက်များစွာ အဆင့်နိမ့်နေပါသေး သည်။

ထိုသို့တွေးနေရင်း ရဲရှုစင်နှင့် သူ့လူများအား အရူး လုပ်ခဲ့သည့် အခိုက်အတန့်ကို သူပြန်မြင်ယောင်သွားမိ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now