1017---1018

192 15 1
                                    

အခန်း (၁၀၁၇)(စာစဉ် ၇၃- အပိုင်း ၉)

“ငတုံး”

ဟန်ပိုင်ယွဲ့မှ မျက်မှောင်ကြုတ်လိုက်ပြီး -

“ဘာလို့လဲ . . .”

“မင်းကို အရူးလို့ခေါ်ဖို့ အကြောင်းပြချက် လိုသေး လို့လား . . .”

“မင်းတောင်ကို သေချာကြည့်ကြည့်လေ ထူးခြား တာ တစ်ခုခုကို တွေ့ရလိမ့်မယ် . . .”

“အဲဒါတောင် ဒီလို ရူးမိုက်တဲ့ မေးခွန်းကို ပါးစပ် အညောင်းခံပြီး မေးနေသေးတယ် . . .”

“အခုလို လာမေးတယ် ဆိုကတည်းက တောင်ကို မင်း သေချာ မကြည့်ဘူးဆိုတာ သိသာနေတာပဲ . . .”

ရဲရှောင်မှ ဟန်ပိုင်ယွဲ့ကို အထင်သေးဟန်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။

“တောင်က အစီရင်တွေနဲ့ ပြည့်နေတာ . . .”

“မြက်ပင်တွေ၊ သစ်ပင်တွေနဲ့ ကျောက်တုံးတွေ အားလုံးကို မင်းသေချာကြည့်ကြည့် . . .”

“တောင်ပေါ်မှာ ရှိနေတဲ့ ပုံရိပ်ယောင် အစီရင် တစ် ခုကို မင်းတွေ့ရလိမ့်မယ် . . .”

“အဲဒီလို အစီရင်ကို တွေ့ရတယ် ဆိုကတည်းက ဒီတောင်ရဲ့ လမ်းတွေက သေချာပေါက် ပြောင်းလဲနိုင် တယ်ဆိုတာကို သိနိုင်တာပဲ မဟုတ်ဘူးလား . . .”

“ဪ . . .”

ဟန်ပိုင်ယွဲ့ ရှက်အမ်းအမ်း ဖြစ်သွားသည်။

ရဲရှောင် ပြောသည့် စကားက မှန်နေသည်ကို သိ သည့်တိုင် လက်မခံချင်သေးပေ။

ထို့ကြောင့် -

“ငါက ဒီလို ပုံရိပ်ယောင် အစီရင်တွေကို မမြင်ဖူး ဘူးလေ၊ အဲဒါကြောင့် ငါမသိတာပေါ့ . . .”

“ငါမသိလို့ ပြောတာကို မင်းက အထင်သေးစရာ မလိုပါဘူး . . .”

“ထွီ . . .”

“အဲဒါကိုများ မင်းကိုယ်မင်း မူလတာအိုအဆင့်ကိုး ပညာရှင်လို့ ပြောနေသေးတယ် . . .”

ရဲရှောင်မှ ဟန်ပိုင်ယွဲ့ကို ကြည့်ရင်း မကျေမချမ်း ဖြင့် ပြောလိုက်သည်။

“ရှင်သိတာက ဓားရေးရယ် တိုက်ခိုက်မှုရယ်ပဲ သိ တာ မဟုတ်လား . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now