Chapter (906)"ကောင်းကင်ဝိညာဉ်တောင်"

222 20 0
                                    

Chapter (906)(စာစဉ် ၆၅- အပိုင်း၁၀)

“ကောင်းကင်ဝိညာဉ်တောင်”

“ကောင်းကင် ဝိညာဉ်တောင်”

“ခင်ဗျားနဲ့ ခင်ဗျားသား နှစ်ယောက်လုံးက အခြေ အနေကောင်းသွားပါပြီ၊ အပြည့်အဝ ပြန်ကောင်းဖို့ အတွက်က အချိန် တစ်ခုပဲ လိုမှာပါ . . .”

“ကျုပ်ရှိရှိ မရှိရှိ ကိစ္စမရှိတော့ဘူး၊ ကျုပ်သွားသင့် ပြီ ထင်တယ် . . .”

ရဲရှောင်က ပြောလိုက်သည်။

“အင်း . . .”

“ခဏ တစ်မိနစ်လောက် နေပါဦး . . .”

“ငါမေးခွန်းတစ်ခုလောက် ထပ်မေးချင်သေးတယ်၊ ငါမင်းကို အစောကြီးကတည်းက မေးချင်နေခဲ့တာ ဒါပေမယ့် . . .”

ရှန်ဂွမ်ဇုဖန်အဖို့ ချီတုံချတုံ ဖြစ်နေဟန်ပင်။

ခဏကြာမှ ရဲရှောင်၏ မျက်နှာကို လှမ်းကြည့် လိုက်ရင်း -

“ဟို ဟို ဂုဏ်ယူဖို့ကောင်းတဲ့ သူရဲကောင်းထဲ နှစ်ယောက်တည်းက ဘယ်သူနဲ့များ မင်းက . . .”

ရဲရှောင်က မြင်းပုလေးကို စီးကာ သွားနေချေပြီ။

ထိုအချိန် ကြားလိုက်ရသည့် စကားကြောင့် နောက်ပြန်လှည့်ကြည့်ပြီး လေသံခပ်အေးအေးဖြင့် -

“ရှန်ဂွမ် . . .”

“ခင်ဗျားတို့ထဲမှာ သူလျှိုတွေတော့ မရှိတော့ဘူး ဒါပေမယ့် သူတို့တွေ ဒါမျိုး ခင်ဗျားတို့ကို လုပ်လိမ့် မယ်လို့ မထင်ထားခဲ့မိဘူး . . .”

“ဒါ့အပြင် ဘယ်သူတွေများ ရှိဦးမလဲ ခင်ဗျားက ကျုပ်ထက် ပိုသိမယ် ထင်ပါတယ် . . .”

“ဂရုစိုက်ပါ ကျုပ်တို့ ပြန်တွေ့ကြသေးတာပေါ့”

“ကျုပ်ဘယ်သူလဲ ဆိုတာကိုတော့ ခင်ဗျား အချိန် ကျရင် သိလာပါလိမ့်မယ် . . .”

“နောက်တစ်ချက်က ကျုပ် ဘယ်သူလဲဆိုတာ ခင်ဗျား သိလာတဲ့အချိန် ခင်ဗျား အရမ်းအံ့ဩသွားလိမ့် မယ်လို့ ကျုပ်အာမခံတယ် . . .”

ထို့နောက် ရဲရှောင်က မြင်းပုလေးကို တစ်ချက် ကန်လိုက်သည်။

“ယား . . .”

“ဟီး . . . ဟီး . . . ဟီး . . .”

မြင်းပုလေးကလည်း ကျယ်လောင်စွာ ဟီလိုက်ပြီး မြားတစ်စင်းကဲ့သို့ ပြေးထွက်သွားတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now