1059---1060

170 15 1
                                    

အခန်း (၁၀၅၉)(စာစဉ် ၇၆- အပိုင်း ၉)

“ကျင့်ကြံခြင်း လက်ဖက်ပင်”

ရွှမ်ပိုင်က အသံခပ်ကျယ်ကျယ်ဖြင့် -

“အင်း တော်လောက်ပြီ . . .”

“အဓိက အချက်ကိုပဲ အာရုံစိုက်စမ်းပါ . . .”

“အခု စကားကောင်းကောင်း ပြောနိုင်ပြီဆိုတော့ ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောပြပါဦး . . .”

“အဲဒီမှာ ၁ လကျော်လောက် ဘာတွေလုပ်နေတာ လဲ၊ အခြေအနေကရော ဘယ်လိုရှိလဲ၊ အခုရော ဘယ် လို ထွက်လာနိုင်တာလဲ . . .”

“ဟန်ပိုင်ယွဲ့လိုမျိုး ဘာလို့ ကောင်းကင်ပေါ်ကနေ ကျလာရတာလဲ . . .”

“အဲဒီနေရာက လူတွေကို အဲဒီလိုပဲ လွင့်ထွက်သွား စေနိုင်တဲ့ နေရာမျိုးလား . . .”

ရွှမ်ပိုင်၏ နှုတ်မှ မေးခွန်းများကို မရပ်မနား တရစပ်ပင် မေးလိုက်သည်။

သို့သော် နောက်ဆုံး မေးခွန်းမေးလိုက်ချိန်တွင်မူ သူမ၏ မျက်နှာက ရှက်အမ်းအမ်း ဖြစ်သွား၏။

ရဲရှောင်က ကောင်းကင်ထက်မှ ရုတ်တရက် ပြုတ် ကျလာခဲ့ချိန် ကံကောင်းစွာဖြင့် ရွှမ်ပိုင်က သူမ၏ အား ကုန်သုံး၍ ကယ်တင်နိုင်ခဲ့သည်။

အကယ်၍ ထိုသို့ ကယ်တင်သူက သူမ မဟုတ်ဘဲ ဟန်ပိုင်ယွဲ့သာ ဖြစ်နေလျှင် ရဲရှောင်အား ကယ်တင် ကောင်း ကယ်တင်နိုင်သော်လည်း နှစ်ဦးလုံး အပြင်း အထန် ဒဏ်ရာရသွားနိုင်သည်။

ရဲရှောင်က မူလအိပ်မက် အဆင့်ခုနှစ်သာ ရှိသေး၍ ထိုအရှိန်မျိုးဖြင့်သာ ပြုတ်ကျသွားပါက သူ၏ ကိုယ် တွင်းအင်္ဂါများနှင့် သွေးကြောများ ပျက်စီးသွားမည်မှာ မလွဲဧကန်ပင်။

ထို့အတူ ဟန်ပိုင်ယွဲ့သည်လည်း သူ၏ အတွင်းပိုင်း စွမ်းအင် တန်ပြန်သက်ရောက်မှုကြောင့် နာကျင်မှုကို ခံစားရမည်မှာ မလွဲချေ။

ရွှမ်ပိုင်၏ စကားကြောင့် ရဲရှောင်လည်း သတိပြန် ကပ်သွားသည်။

အစောပိုင်း သူကြုံတွေ့ခဲ့ရသည့် စွန့်စားခန်းများ အားလုံးကို ပြန်မှတ်မိသွားသည်။

ထို့ကြောင့် အလျင်အမြန်ပင် သူ့ခန္ဓာကိုယ်အား စစ်ဆေးကြည့်လိုက်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now