Chapter 172
Chapter 172October 26, 2023
အပိုင်း. 1(အစမ်းလက်ထပ်ခြင်း)MC က ပရိသတ်အားလုံးကို ထိုင်ခိုင်းလိုက်သည်။ ထို့နောက် လင်းရွှမ် မိန့်ခွန်းပြောမည့်အချိန်ဖြစ်သည်။သူ၏ စကားများနှင့် မျက်နှာ အမူအရာတိုင်းကို ဤဆုချီးမြှင့်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် အင်ပါယာတစ်ခုလုံးက မြင်တွေ့ရမှာဖြစ်သည်။ Star Network သို့ access မလုပ်နိုင်သော လူနေထိုင်နိုင်သော ဂြိုလ်ဖြစ်ပါက နောက်ပိုင်းတွင် ထုတ်လွှင့်မည်ဖြစ်၏။
လင်းရွှမ် ၏ အသံသည် နက်နဲသိမ်မွေ့သည်။ သူ့ကို ကူညီပေးခဲ့သည့် ဆွေမျိုးများနှင့် ရဲဘော်ရဲဘက်တွေကို ကျေးဇူးတင်ကြောင်း၊သူ့ကို ယုံယုံကြည်ကြည် အားပေးကြသည့် အင်ပါယာက ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။ သူ့အသံက နားထဲမှာ ကြည်နူးစရာ ကောင်းသော်လည်း သူ့အတွက် လုပ်ရိုးလုပ်စဉ်တစ်ခုကို လုပ်နေရသလို ဖြစ်နေကာ အေးစက်ပြီး တောင့်တောင့်ကြီး ဖြစ်နေသည်။
သို့သော်ငြား၊သူက အေးတိအေးစက်ကြီးဖြစ်ကြောင်း လူတိုင်းသိကြသည်။ သူသည် စကားအပြောအဆို မကျွမ်းကျင်ဘဲ နာမည်ကျော်ကြားမှုနှင့် အခြားသူများ၏ ထင်မြင်ချက်များကို ဘယ်သောအခါမှ ဂရုမစိုက်ပေ။ သူသည် ဆုတံဆိပ်များ၊ကြယ်တစ်ပွင့် ဗိုလ်ချုပ်ရာထူးနှင့် ထိုက်တန်ကြောင်း ကို လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့်သာ အမြဲတမ်း သက်သေပြခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများသည် လင်းရွှမ်၏ လုပ်ဆောင်ချက်များဖြင့် ကြယ်တစ်ပွင့် ဗိုလ်ချုပ်တစ်ဦးသာ ဖြစ်လာပါက နိမ့်ကျသည်ဟု ယူဆနေကြ၏။စစ်တပ်၏ ဖွဲ့စည်းပုံကို ကောင်းစွာနားလည်သူများနှင့် အာဏာအထက်အသိုင်းအဝန်းရှိ သူများက ဤရာထူးသည် ကျိုးကြောင်းဆီလျော်သည်ဟု ထင်မြင်ကြသည်။ သူသည် အရှင်သခင် အင်ပါယာသမိုင်းတွင် အသက် 31 နှစ်ဖြင့် အငယ်ဆုံး ဗိုလ်ချုပ်ဖြစ်နေပြီဖြစ်၏။ သူ့အဖေက ကြယ်သုံးပွင့်ဗိုလ်ချုပ်ဖြစ်ပြီး သူ့အဘိုးက ကြယ်လေးပွင့်ဗိုလ်ချုပ်ပင်။ အင်ပါယာက လင်းရွှမ် အား အဖေဖြစ်သူနှင့် ရာထူးအတူ ပေးထားဖို့ ခွင့်မပြုခဲ့ပေ။
![](https://img.wattpad.com/cover/351883333-288-k750728.jpg)
YOU ARE READING
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...