chapter 181

174 13 0
                                    

Chapter 181 (Extra 1)
Chapter 181 (Extra 1)October 28, 2023


[ side Cp.1 ရေခဲတောင်လေးနှင့်ကွတ်ကီးလေး -လီနန် VS ကျန်းရို့]

လီနန် သည် ကျန်းရို့ ကို ချစ်နေမိသည်ဟု စိတ်ထဲက ထင်နေရခြင်းမှာ လင်းရွှမ် နှင့် လင်းယောင်ယောင် ၏ ခွေးစာများကို အချိန်အတော်ကြာ ကြုံဖူးခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ လင်းယောင်ယောင် သည် သေးသွယ်ပြီး ပျော့ညံ့သော်လည်း ရက်စက်၍ အနည်းငယ် ကြောက်စရာကောင်းသည်ဟု သူခံစားရသည်။ သူမ လက်ရာအစားအသောက်ကလည်း တစ်ကယ်ကို အရသာရှိသည်။ ထို့ကြောင့်လည်း သူ နေ့တိုင်း မက်မွန်သီးရောင်ဇာ့ခ်များအား မွေးမြူရန်အတွက် စိတ်ပူနေရခြင်းဖြစ်၏။

သူသည် 168 ကို မွေးမြူသူဖြစ်ခဲ့သော်လည်း ထိုပိုးကောင်က ချစ်စရာကောင်းသည်ဟု မမြင်မိပေ။ထို့ကြောင့် 168ကို တွေ့ရမှာကြောက်သော်လည်း သေးသေးသွယ်သွယ် မိန်းကလေးကို သူတစ်ကယ်တွေ့ရသောအခါ သူမ လုပ်ထားသည့် အစားအစာများက အရသာရှိပြီး သူမသည် သူ၏စံပြမိန်းကလေးပုံစံဟု ခံစားခဲ့ရသည်။ သူမကိုလည်း ကာကွယ်လိုသောဆန္ဒများ ဖြစ်လာရ၏။ ကလေးမလေးက လင်းယောင်ယောင်လို အများကြားထဲမှာ ထင်းနေသူမဟုတ်‌သော်လည်း၊သူမကို ဝိုင်းကြိုက်နေသူတွေ မရှိသဖြင့် သူ့အတွက် ကံကောင်းပေသည်။  ဗိုလ်ချုပ်၏ဘဝသည် မည်မျှ ခက်ခဲကြမ်းတမ်းသည်ကို သူမြင်ဖူးသည်။  လင်းရွှမ်သည် သူမအား သူ့ဘေးမှာထားရန်အတွက် မက်မွန်သီးရောင်ဇာ့ခ်နှင့် သွေးစပျစ်နွယ်ပင် 012 ကို မကြာခဏ တိုက်နေရသည်။ ဆွေမျိုးများနှင့် သူငယ်ချင်းများစွာကလည်း ဇနီးဖြစ်သူကို ချစ်နေကြသဖြင့် သူ အတော်လေး အာရုံနောက်နေရပေသည်။

တိုးတက်လာသော မက်မွန်သီးရောင်ဇာ့ခ်များ၏ ပထမအသုတ် (အမြင့်ဆုံးအဆင့်ကန့်သတ်ချက်မှာ SS ပေါင်းသည့်အဆင့်) က ပေါက်ဖွားလာသောအခါ လင်းယောင်ယောင် ၏ အတန်းဖော် သူငယ်ချင်း ကျန်းရို့သည် ထိုအထဲမှ တစ်ကောင်ကို တာဝန်ပေးအပ်ခြင်းခံရသည်။ ကျန်းရို့ က ထိုအကောင်လေးကို ပေပေဟု နာမည်ပေးလိုက်သည်။

ထိုအချိန်မှစ၍ ဗိုလ်မှူးကြီး လီနန် သည် မက်မွန်သီးရောင်ဇာ့ခ် ပေပေကို စတင်မွေးမြူပေးရသည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now