အခန်း (၁၁၃) အဆုံးသတ်!

2.5K 419 32
                                    

Unicode>>

ခပ်လှမ်းလှမ်း ကောင်းကင်ပြင်ထက်တွင် အပြာရောင် မီးပန်းတစ်ခု ပေါက်ကွဲဖြာလင်းလာ၏။ ဤသည်ကား နဂိုကတည်းက ရှောင်းကျမ်နှင့် တိုင်ပင်ဆွေးနွေးထားသော ချန်းဝုရွှေကျိုက်စခန်းအား အောင်မြင်စွာ သိမ်းပိုက်ပြီးစီးကြောင်း အမှတ်အသားဖြစ်ပေ၏။

ဖြစ်ရပ်က ဤအခြေအနေထိ ရောက်သော်မှ နောက်ဆုတ်စရာ လမ်းမရှိတော့ပြီ။

ဖုန့်ကျိုယဲ့က ရုတ်ခြည်း အားပြင်းစွာ အကွက်ထုတ်၍ နှစ်ဦးသားထံ အားပြင်းစွာ တိုးဝင်သွားလိုက်သည်။

ချင်ရှောက်ယွီက ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လိုက်ပြီး လရောင်အောက်၌ အေးစက်သော အလင်းမှုန်များ ဖြာနေ၏။

ဖုန့်ကျိုယဲ့က ဝိညာဉ်ခြွေလက်ဝါးသိုင်းကို လေ့ကျင့်အောင်မြင်ပြီးသား ဖြစ်လျှင်တောင် ရှန်ချန်းဖုန်းနှင့် ချင်ရှောက်ယွီဟာလည်း သိုင်းလောကအလယ်ရှိ ရှားမှရှား ထိပ်တန်းအဆင့်(၁) အဆင့် (၂) သိုင်းပညာရှင်များဖြစ်ရာ ဖုန့်ကျိုယဲ့ တစ်ယောက်တည်း သူတို့နှစ်ဦးအား ခုခံရသော် ဧကန်ပင် ခက်ခဲလှသည်။ ထို့အပြင် ဇာမဏီနှစ်ကောင်ကလည်း ပါဝင်နေသေးသည်ပင်။

အကွက် တစ်ရာကျော်မျှ တိုက်ခိုက်ပြီးသော် ဖုန့်ကျိုယဲ့က လက်မြှောက်ကာ အမည်းရောင် အခိုးအငွေ့များကို ထုတ်လွှတ်ပြီးနောက် ထွက်ပြေးရန် ပြင်သည်။

ထိုအခါ ချင်ရှောက်ယွီက ဓားကို ဝှေ့ရမ်းလျက် လိုက်သွားစဉ် ရင်ဘတ်ထဲက အမွေးလုံးလေးက မတော်တဆ လွင့်ထွက်လာလေ၏။

"ကျီ!"

ဇာမဏီငယ်လေးသည် ပလွတ်ကနဲ မြေပြင်ပေါ် ပြုတ်ကျသွားပြီးနောက် ခေါင်းမူးစွာဖြင့် အူကြောင်ကြောင်လေး လှည့်ကြည့်လာသည်။

ချင်ရှောက်ယွီသည် မျက်နှာပျက်သွားပြီး ချက်ချင်း လက်လှမ်းကာ ကောက်ယူမည် အပြင်၊ ဖုန့်ကျိုယဲ့က အရင် ခြေထောက်ကို မြှောက်၍ တက်နင်းလိုက်တော့သည်။

ဤသို့ စက္ကန့်ပိုင်းလေးအတွင်း၌ တစ်ပြိုင်နက်တည်းဆိုသလို ဇာမဏီကြီးတစ်ကောင်က မြားတစ်စင်းနှယ် မိုးပေါ်ကနေ ထိုးဆင်းလာပြီး လက်သည်းဖြင့် ဖုန့်ကျိုယဲ့ မျက်နှာအား ကုတ်ခြစ်လိုက်ရာ ခြစ်ရာ လေးကြောင်းအတိုင်း သွေးများ တရဟော ထွက်လာလေသည်။ ကျန်ရှိသော ဇာမဏီကြီးကလည်း တရှိန်ထိုး ဆင်းသက်လာပြီး ၎င်းအခြေအနေကြားထဲက အမွေးလုံးကို နှုတ်သီးဖြင့် ထိုးကောက်ကာ ဟိုးအမြင့်ထိ တဟုန်ထိုး ပျံသန်း၍ တက်သွားလေသည်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now