အခန်း (၁၀၅) အဲ့သည့်ခွေးသွေးဆန်တဲ့လျှို့ဝှက်ချက်တွေ!
【အားလုံးက ပိုကောင်းမွန်လာမှာပါ!】
ရှန်ချန်းလင်သည် အလွန်ပင် အရိပ်အကဲ သိတတ်လျက် အပြင်ဘက်သို့ ထွက်လာသည့်တိုင် တကယ်တမ်းတွင်တော့ သူကိုကြီးအား နံရံထောင့်မှနေ၍ ချောင်းနားထောင်ချင်မိလေသည်။ သို့ဖြင့် ပြုံးဖြီးဖြီး အမူအရာကြီးလုပ်လျက် အပေါက်ဝတွင် ဝမ်းလျားမှောက်ကာ ခိုးနားထောင်နေတော့သည်။
လျို့ဝှက်တပ်သားများသည် ခေါင်မိုးပေါ်ကနေ ဤမြင်ကွင်းအား မြင်လိုက်ရသော် ချက်ချင်း တသသဖြစ်လျက် ချီးကျူးကြတော့သည်။
ငါတို့အိမ်က သခင်လေးက တကယ်ပဲ အရမ်းပဲ တအားပဲ ချစ်စရာကောင်းလိုက်တာနော်!
အမြီးလုံးလုံးလေးကကလည်း သေချာပေါက် ပါးလားပါးလားပါးလားနဲ့ လှုပ်နေမှာပဲ!
ထို့နောက်တွင်တော့ သူ့ကို အိပ်ခန်းအမိုးပေါ် ခေါ်သွားပေးပြီး ကူညီသောအားဖြင့် အုပ်ချပ်ပိစိလေးတစ်ခုကိုပါ လှန်ပေးလိုက်ကြတော့သည်။
သည်လောက်တောင် သိတတ်တာ သေချာပေါက် like ပေးသင့်တယ်နော်!!!!
ရှန်ရှောင်ရှို့က မျက်လုံးအကြည့်ဖြင့် ကျေးဇူးတင်ကြောင်း ပြလိုက်သည်။ ထို့နောက် အသက်ကို အောင့်ပြီး အထဲကို ငုံ့ကြည့်လိုက်သောအခါ သူ့ကိုကြီးက မတ်တပ်ထရပ်ပြီး အပြင်ဘက်သို့ ထွက်လာသည်ကို တွေ့လိုက်ရ၏။
အယ်အယ် ဘာလို့ ထွက်သွားတာလဲ!
ရှန်ချန်းလင်က ရှုံ့မဲ့မဲ့လေး ဖြစ်သွားသည်။
သည်အချိန်လေးနဲ့တော့ ဘာစကားမှ ပြောချိန်ရမှာ မဟုတ်ဘူး သိရဲ့လား။
ပြောဖို့တောင် အချိန်မရတာ တခြားကိစ္စလေးတွေ လုပ်ဖို့ဆို ပိုတောင် အချိန်မရသေး!
"အပေါ်မှာ ဘာလုပ်နေတာလဲ!"
ရှန်ချန်းဖုန်းက ခြံဝန်းထဲကနေ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
ရှန်ရှောင်ရှို့သည် အေးစက်စက်ဖြင့် -
"မိုးပေါ်က ကြယ်တွေကို ကြည့်နေတာလေ"
![](https://img.wattpad.com/cover/360258638-288-k16868.jpg)
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း