အခန်း (၆၈) ခရမ်းရောင်ဝတ်‌ဂေးနှင့်အပြန်အလှန်အကျိုးအမြတ်ရယူနေခြင်း!

1.9K 268 38
                                    

မှတ်စု - လန် ပထမတစ်ခါတင်တုန်းကတော့ ပြန်ရင်းတန်းလန်းဆိုတာတော့ အရမ်းရှည်တဲ့အပိုင်းတွေဆို တစ်ဝက်ခွဲပြီး ပြန်ရင်း တင်ခဲ့တာပေါ့နော်။ အခုတော့ ပေါင်းပြီး တစ်ဆက်တည်းတင်ထားပါတယ်။ ဒီနေ့အပိုင်းဆို အရှည်ကြီးပဲနော် >< 33

-----------------------------------

အခန်း (၆၈) ခရမ်းရောင်ဝတ်‌ဂေးနှင့်အပြန်အလှန်အကျိုးအမြတ်ရယူနေခြင်း!

【ရှူးရှူးလိုက်တာ ငွေစနှစ်သောင်းလောက် ဖြုန်းမိသွားတယ်!

" အိပ်တောင် အိပ်ပြီးပြီကို ကွာရှင်းခွင့်မပြုပါဘူးနော်"

ချင်ရှောက်ယွီသည် သူ့ပါးလေးကို ညှစ်၍ ဆိုသည်။

" မဟုတ်ရင် မင်းက စားပြီးနားမလည်လုပ်တာပဲ! "

ရှန်ရှောင်ရှို့ကား ထိုစကားကြားသော် ဒေါသချောင်းချောင်းထွက်လာ၏။

နေပါဦး.. ဘယ်သူက ဘယ်သူ့ကို အိပ်လိုက်တာတုန်း!

" အူတူပလူးတူးလေး "

ချင်ရှောက်ယွီသည် ရယ်လျက် ခေါင်းခါကာ သူ့နှုတ်ခမ်းကို သုတ်ပေးလိုက်သည်။

" စားပြီးရင် လမ်းလျှောက်သွားဦးမလား? "

" ခါးနာတယ် "

ရှန်ချန်းလင်က အီသည်။ ပြီးတော့ ဂန္ဓမာပန်းကလည်း နာတယ်!

" ကိုယ်တို့ အဝေးကြီး မသွားပါဘူး။ ခြံဝန်းထဲပဲလေ "

ချင်ရှောက်ယွီက ဆိုလေသည်။

" လေကောင်းလေသန့်လေး ရတာပေါ့ "

အခန်းထဲတွင် နေလျှင် တကယ်ပဲ မွန်းကြပ်နေသည်မို့ ရှန်ချန်းလင်က ခေါင်းညိတ်လိုက်သည်။ အင်္ကျီဝတ်စုံများ လဲဝတ်ပြီးနောက် ခြံထဲသို့ အတူတူ သွားလမ်းလျှောက်ဖြစ်ကြလေသည်။

နေရောင်က ပြင်းသော်ငြား ခြံဝန်းထဲတွင်တော့ သစ်ပင်စိမ်းများ စိမ်းစိမ်းစိုစို ရှိသည့်အပြင် ရေနားနီးသောနေရာဖြစ်၍ ပူအိုက်ခြင်း မရှိချေ။ ထို့အပြင် လေအေးလေးတောင် တဖြူးဖြူး တိုက်ခတ်နေတော့၏။

ရှန်ချန်းလင်၏ လမ်းလျှောက်ပုံက ကိုးရိုးကားရားနှင့်။ အဝေးကနေ ကြည့်လျှင် ဘဲပေါက်ကလေးနှင့်တူလေသည်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now