အခန်း (၉၆) အမွေးလုံးလေးနဲ့အတူ တောင်အပြင်ထွက်ကြမယ်!

594 106 2
                                    

အခန်း (၉၆) အမွေးလုံးလေးနဲ့အတူ တောင်အပြင်ထွက်ကြမယ်!

【သိုင်းလောကကို ပြန်ကြမယ်!】

"မင်းရဲ့သွေးရောင် ကြည့်ရတာ တော်တော်လေး ပြန်ကောင်းသွားပါပြီ"

အဘိုးအိုက သစ်ပင်အောက်တွင် ဝင်ထိုင်လိုက်ကာ ဆိုသည်။

"ဘယ်အချိန် တောင်ထဲကနေ ထွက်မှာလဲ?"

"ဆယ်ရက်နေရင်ပါ"

ချင်ရှောက်ယွီက ဆိုသည်။

"ရှစ်ဖူ သိများသိသလားဗျ၊ အခု ချန်းဝုရွှေကျိုက်မှာ ဘယ်လိုအခြေအ‌နေတွေ ဖြစ်ကုန်ကြပြီလဲဆိုတာ"

"မသိဘူး"

အဘိုးကြီးက ယတိပြတ်ခေါင်းခါသည်။

"အခု သိုင်းလောက,က မင်းတို့လူငယ်တွေ လက်ထဲမှာပဲ၊ ငါလို အဘိုးကြီး ဘာဝင်ရှုပ်ရမှာလဲ"

"ဒါပေမဲ့ ရှစ်ဖူက ကျွန်တော့်ကို ကယ်လိုက်တယ်လေ"

ချင်ရှောက်ယွီက ပြောသည်။

"အဲ့တာက ရှစ်ဖူရဲ့ ရင်ထဲမှာ သိုင်းလောကအတွက် တွယ်တာမှုတွေ ရှိသေးတယ်ဆိုတာကို ပြချင်တာပဲမလား"

"မင်းနဲ့ အဲ့သည်ဝူရွှယ်မန်ဂိုဏ်းချုပ် ယင်ဝူရွှမ်းကလွဲရင်.. သည်နေ့ခေတ် သိုင်းလောကထဲက နောက်မျိုးဆက်သစ်တွေထဲ ငါ သဘောတွေ့တဲ့လူ တစ်ယောက်မှ မရှိဘူး"

ကျန်းရန်က လေယူလေသိမ်းကပင် နည်းနည်းလေးမျှ ကြည့်မရဟန် ပြောနေခြင်း။

ရှန်ရှောင်ရှို့ဟာ မီးဖိုချောင်ထဲကနေ ရုတ်တရက် လက်ချော်ပြီး ပန်းကန်တစ်လုံး လွတ်ကျကွဲသွားတော့သည်။

တောင်ထဲမှာ နေတာ အရမ်းကြာသွားတော့ တောင်အပြင်ဘက်မှာ ဟူလီကျင်းတစ်ကောင် ရှိသေးတယ်ဆိုတာတောင် မေ့လုနီးပါး ဖြစ်သွားတာပဲဟ!

ရုတ်တရက်ကြီး သည်နာမည်ကြားလိုက်ရတာ..... တကယ်ပဲ စိတ်ရှုပ်လိုက်တာနော်! ! !

"လင်အာ ဘာဖြစ်သွားတာလဲ?"

အထဲက အသံကြားသော် ကျန်းရန်က နားမလည်စွာဖြင့် ချင်ရှောက်ယွီကို‌ မေးလိုက်သည်။

ဂိုဏ်းချုပ်ချင်က နှုတ်ခမ်းလှုပ်ကာ အသံမထွက်ဘဲ စာလုံးနှစ်လုံးသာ ရွတ်ပြလိုက်သည်------ သဝန်တိုတာ.....

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now