အခန်း (၁၀၂) ကင်းထောက်တယ်ဘာညာကတကယ်ပဲစိတ်ရှုပ်စရာကောင်းတယ်!
【အရမ်းနှမြောတသဖြစ်မိတယ်!】
"မင်းက ရှစ်ဖူဆီ လူလွှတ်ပြီး ငါတို့ သည်မှာလို့ အသိပေးပြီးသားလား?"
ရှန်ချန်းလင်က တစ်ဖက်က သွားရင်း တစ်ဖက်က မေးလိုက်သည်။
"ဟင့်အင်း"
ချင်ရှောက်ယွီက ခေါင်းခါသည်။
ရှန်ချန်းလင်က စိတ်ရှုပ်ထွေးစွာဖြင့် -
"အဲ့တာဆို ရှစ်ဖူက ဘယ်လိုလုပ် သည်နေရာကို ရှာတွေ့မှာလဲ?"
"ဘာလို့လဲဆိုတော့ သူရှိလို့လေ"
ချင်ရှောက်ယွီက ဇာမဏီငယ်လေးကို မြေကြီးပေါ်ကနေ ချီမလိုက်ကာ ဆိုသည်။
"ကျီ"
အမွေးလုံးသည် အားကြိုးမာန်တက်ဖြင့် ရင်ကော့လိုက်သည်။
"သူ?"
ရှန်ချန်းလင်မှာတော့ နားမလည်နိုင်ပေ။
"ဇာမဏီအကြီးတွေက သူ့ကို အာရုံခံစားနိုင်တယ်လေ၊ သူတို့က ရှစ်ဖူကို ခေါ်လာလိမ့်မယ်"
ချင်ရှောက်ယွီက ဆိုသည်။
"တကယ်လား?"
ရှန်ချန်းလင်က ရယ်ပြုံးလျက် ဆိုသည်။
"လတ်စသတ်တော့ အဲ့လောက်တောင် အသုံးဝင်တဲ့နေရာတွေ ရှိတာပဲ"
"သူ ကြီးလာတဲ့အခါကျရင် မင်းကို ကာကွယ်နိုင်ပြီလေ"
ချင်ရှောက်ယွီက ဇာမဏီငယ်လေးအား သူ့ရင်ခွင်ထဲ ထည့်ပေးလိုက်၏။
ရှန်ချန်းလင်က နှုတ်ခမ်းစွန်းများ ကွေးညွတ်သွားအောာင် ပြုံးကာ -
"သူက ငါ့ကို ကာကွယ်ပေးမှာဆိုတော့ မင်းက ဘာလုပ်မှာလဲ?"
ချင်ရှောက်ယွီသည် တုံ့ကနဲ။ ထို့နောက် ယတိပြတ်ပင် သားဖြစ်သူအား လွှင့်ပစ်လိုက်တော့၏။
ရှန်ချန်းလင် - ........
"ကျီ!"
ဇာမဏီလေးဟာ အလွန်ပင် ဒေါသထွက်လျက် ဆန့်ကျင်နေတော့သည်။
"ကိုယ်က သေချာပေါက် လင်အာကို တစ်ဘဝလုံး ကာကွယ်စောင့်ရှောက်ပေးသွားမှာပေါ့"
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း