အခန်း (၉၄) တိမ်မြှုပ်ပျောက်ကွယ်နေသောအဆင့်မြင့်ပုဂ္ဂိုလ်!
【ဇာမဏီတောင်ပေါ်က လျှို့ဝှက်ချက်!】
အလွန်ကျဉ်းမြောင်းသော တောင်ကမ်းပါးများကြားထဲကို ဖြတ်၍ ပျံသန်းပြီးသော် ဇာမဏီသည် မြက်ခင်းပြင်ထက်၌ သက်ဆင်းကာ ရှန်ချန်းလင်အား ကျောပေါ်ကနေ ညင်သာစွာ ခါလှုပ်ချလိုက်သည်။
ထိုအခါ ရှန်ရှောင်ရှို့သည် ပန်းမျိုးခုနစ်ရောင်စုံသော ပန်းပင်လယ်ကြီး၏ အလယ်သို့ ထိုင်လျက်ကလေး လျှောကျသွားတော့၏။
မျက်နှာသည် သွေးရောင်းကင်းမဲ့နေပြီး ခြေလက်များက အေးစက်နေသည်။ မျက်ဝန်းများသည် အလွန်ပင် ငိုင်ငမ်းနေပြီး နောက်တစ်စက္ကန့်နေလျှင် မေ့မြောသွားတော့မည့်အလားပင်။
သူဟာ တကယ်ကြီး တကယ်ကြီးကို လန့်ဖျပ်သွားခြင်းပါပင်!
ဇာမဏီသည် တီးတိုးအော်မြည်သံပြုလိုက်ပြီး သူ့အား ခေါင်းဖြင့် နူးညံ့စွာ တွန်းတိုက်ပွတ်သပ်နေသည်။ ပုံစံမှာ သူ့အား နှစ်သိမ့်ပေးရင်း တောင်းပန်နေသည့်အလား။
ရှန်ချန်းလင်သည် စိတ်သာရှိပြီး အားမရှိစွာဘဲ ပြိုလဲနေရတော့၏။ အဘယ့်ကြောင့်မူ သူက နောက်ထပ်ပြဿနာတစ်ခုကို စဉ်းစားလိုက်မိသောကြောင့်ပင်-------- အခုက မြေပေါ်ဆင်းလိုက်ပြီဆိုတော့ ထားပါတော့၊ ဒါပေမဲ့ ခဏနေကျရင် ပြန်ရဦးမှာပဲလေ.. အာ့ဆို နောက်တစ်ခါထပ်ပြီး လေဟုန်စီးရဦးမှာ မဟုတ်ဘူးလား!!!
တကယ်ပဲ သေတာကမှ ကောင်းဦးမယ်!
ငှက်ကြီးသည် သူမတ်တပ်ထရပ်သည်အထိ စောင့်ကြည့်နေပြီး လည်တိုင်ကို မော့၍ အသံရှည်စွဲ မြည်တွန်လိုက်သည်။ တောင်ဂူထဲမှသည် ခပ်ရေးရေးသော ပဲ့တင်သံက ပြန်လာ၏။
ရှန်ချန်းလင်သည် မိမိပတ်ဝန်းကျင်ရှိ တိမ်ပင်လယ်နှင့် ပန်းပင်လယ်ကြီးကို ကြည့်ကာ မိမိဟာ မည်မျှ မြင့်မားသောနေရာတစ်ခုထိ ရောက်နေကြောင်းပင် မတွေးရဲတော့ချေ။
ဇာမဏီကြီးသည် သူ့အင်္ကျီလက်ကို နှုတ်သီးဖြင့် ကိုက်၍ ရှေ့သို့သွားလေသည်။
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း