အခန်း (၆၄) မတော်တဆအဆိပ်မိခြင်း!

1.5K 214 12
                                    

အခန်း (၆၄) မတော်တဆအဆိပ်မိခြင်း!

အားနည်းလွန်းသူရှန်ရှောင်ရှို့!

ဂိုဏ်းချုပ်ချင်၏ အတွင်းအား နက်ရှိုင်းလွန်းသော သက်သေမှာ နှစ်ဦးသား အမွေးတိုင်တစ်ဝက်ထွန်းစာမျှ ဆက်လျှောက်သွားလိုက်သော် ဧကန်အဟုတ်ပင် ချောင်းငယ်လေးတစ်ခု စီးဆင်းနေသည်ကို တွေ့လိုက်ရ၏။ ပတ်ဝန်းကျင်တွင် အရောင်မျိုးစုံလင်သော ပန်းလေးများ ပွင့်လန်းနေပြီး ပန်းနုအဖြူစွက်သော လိပ်ပြာလေးများက မိုးလုံးပြည့် ကခုန်ပျံဝဲနေ၏။ ကြည့်လိုက်ရုံနှင့် နတ်ပြည်နတ်ရွာ ဘုံဗိမာန်အလားပင်။

" ဝါး "

ရှန်ချန်းလင်က မျက်လုံးပြူးတူးလေးဖြင့်။

" သည်နေရာကို နှစ်သက်လား? "

ချင်ရှောက်ယွီက မေးသည်။

" အင်း "

ရှန်ချန်းလင်က ခေါင်းညိတ်လိုက်သည်။

လက်ရှိ တကယ့်သဘာဝက ဖြစ်ပေါ်နေတဲ့ မြင်ကွင်းနဲ့ ယှဉ်လိုက်ရင် အရင်ဘဝက လူလုပ်ရှုခင်းတွေက ပျော့လိုက်တာမှ!

" အဲ့တာဆို ကိုယ်တို့ ခဏခဏ လာကြမယ် "

ချင်ရှောက်ယွီသည် သူ့ကို အနောက်ဘက်နေ သိုင်းဖက်ထားပြီး လေသံက နူးညံ့ညင်သာစွာ ပြောလာ၏။

" တော်ပါပြီ "

ရှန်ချန်းလင်က နှမြောတသစွာဖြင့် ခေါင်းခါသည်။

" အရမ်းဝေးတာပဲ။ ပြီးတော့ လမ်းမှာလည်း ချိုင့်တွေ ခွက်တွေနဲ့! "

ချင်ရှောက်ယွီ - .........

" ချင်းဟွားက ဘယ်လိုပန်းမျိုးလဲ? "

ရှန်ချန်းလင်က မေးလိုက်သည်။

ဂိုဏ်းချုပ်ချင်သည် သူ့၏ခန္ဓာကိုယ်လေးအား သူ့ဘက်သို့ လှည့်စေကာ နုအိသော နှုတ်ခမ်းပါးကို ခေါင်းငုံ့နမ်းလိုက်သည်။

" ဝေးလည်း ကိစ္စမရှိဘူး။ နောက်ကျရင် ကိုယ် ကျွေးယင်နန်းမှာ မင်းအတွက် သည်လိုပုံစံတစ်ခု ဆောက်တည်ပေးရင် ရပြီ "

ရှန်ချန်းလင် - ........

" ကောင်းတယ်ဟုတ်? "

ချင်ရှောက်ယွီက ခေါင်းငုံ့ပြီး သူ့ကို ကြည့်နေသည်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now