အခန်း (၇၂) ဟေးဖုန်းဂိုဏ်း

1.3K 186 6
                                    

အခန်း (၇၂) ဟေးဖုန်းဂိုဏ်း

ဝတုတ်ကလေးကို ပြောင်သလင်းခါအောင် ချွတ်ပေးလိုက်သည်။ ထို့နောက် ချင်ရှောက်ယွီသည် သူ့ကို ပွေ့လျက်သား ရေချိုးပုံးကြီးထဲ ဝင်လိုက်ကာ ကျေနပ်စွာပင် သက်ပြင်းချလိုက်တော့၏။

" ဒါမှမဟုတ်... ငါတို့ သည်နေ့မလုပ်တော့ရင်ရော? "

ရှန်ချန်းလင်သည် နွမ်းလျဟန်ဖြင့် နဖူးကို လက်ဖြင့် အုပ်ကာ -

" ငါ ရုတ်တရက် ခေါင်းနည်းနည်းမူးလာလို့ "

အားနည်းလိုက်တာမှနော်!

" ဟင့်အင်း "

ချင်ရှောက်ယွီက သူ့ဗိုက်သားလေးရှိ အဆီအသားများကို ပွတ်နေသည်။၏

ရှန်ချန်းလင်သည် အားနည်းစွာ ချောင်းဆိုးနေပြီး အပြစ်တင်သည့်နှယ် ဆိုလာသည်။

" ငါတောင် နေလို့မကောင်းတာကို မင်းက လုပ်ဦးမှာ! "

တကယ်ပဲ အကြီးအကျယ် ရူးသွားပြီလားနော်!

" အပြောကတခြား၊ စိတ်ကတခြား "

ချင်ရှောက်ယွီက သူ့နှာခေါင်းကို ညှစ်ကာ ပြောသည်။

" မဟုတ်ရပါဘူး! "

ရှန်ချန်းလင်သည် အလွန်ပင် လေးနက်စွာ ပြောလိုက်သည်။

ဘယ်သူက စိတ်ကတမျိုး၊ ပါးစပ်က တမျိုးပြောလို့လဲ!

ငါက တကယ် မလုပ်ချင်ပါဘူးနော်!

အင်းအင်းဆိုတဲ့ ကိစ္စမျိုးက မကြာမကြာ လုပ်လို့ မဖြစ်ဘူး! မဟုတ်ရင် ဂန္ဓာပန်း ညှိုးသွားနိုင်တယ်ဟ!

" တကယ်တော့ မင်းကလေ သိပ်သရုပ်ဆောင်ကောင်းတာ "

ချင်ရှောက်ယွီက သူ့ကို ရင်ထဲဆွဲပွေ့ထားကာ ဆိုလာသည်။

" တကယ်လို့ မင်းသာ အဟုတ် နေမကောင်းချင်ဟန်ဆောင်ရင် ကိုယ်တောင် ဟာကွက်ရှာတွေ့မှာ မဟုတ်ဘူး "

ရှန်ချန်းလင် - ........

" အခု ကိုယ်တောင် မင်းဟန်ဆောင်နေမှန်း ကြည့်လို့မြင်နိုင်တယ်ဆိုရင် အဲ့တာ သေချာပေါက် မင်းတကယ် ကောင်းကောင်းသရုပ်ဆောင်နေတာ မဟုတ်လို့ဘဲ "

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now