အခန်း (၃၉) ကြီးမားကျယ်ဝန်းကာနက်ရှိုင်းလွန်းသောခြံဝန်းကြီး

1K 143 5
                                    

【အမှားအမှန်ကိစ္စတွေ များမြောင်ပွေလီတယ်!】

ချင်ရှောက်ယွီနှင့် ရှန်ချန်းလင်သည် ကပျာကယာနှင့် လီအိမ်သို့ ပြန်ရောက်လာခဲ့သည်။ ထိုအခါ တံခါးဝ၌ အကာအကွယ် အစောင့်အကြပ်များ တင်းတင်းကျပ်ကျပ် ချထားသည်ကို တွေ့ရသည်။ သာမန်နေ့ရက်များထက် သုံးဆပင် မကအောင် များပြားလှသည်။ လမ်းမပေါ်က လူစုများသည်လည်း ဟိုဟိုသည်သည် သတင်းကြားသဖြင့် ဘာများ ဖြစ်ပွားတာလဲ စပ်စုနေကြသည်ပင်။

" ဂိုဏ်းချုပ်ချင် ၊ ရှန်သခင်လေး "

အိမ်တော်ထိန်းက သူတို့နှစ်ယောက်ကို သိသောကြောင့် ခပ်ဝေးဝေးကတည်းက တံခါးဖွင့်ပေးရန် မှာကြားလိုက်၏။

" ဘာလို့ ရုတ်တရက်ကြီး သည်လောက် အကာအကွယ်တွေ များသွားရပြန်တာလဲ? "

ချင်ရှောက်ယွီက သိရက်သားနှင့် မေးသည်။

" အိုင်း "

အိမ်တော်ထိန်းက သက်ပြင်းချလျက် မျက်နှာမကောင်းလှစွာ ပြောသည်။

" သည်စကားက ကျွန်တော် ပြောလို့ မကောင်းဘူးရယ် ၊ ဂိုဏ်းချုပ် ခင်လွှတ်ပါဗျာ "

" ဘာများ ပြောလို့မကောင်းတာ ရှိလို့လဲ? "

ခြံဝန်းထောင့်မှ လူတစ်ယောက် ထွက်လာပြီး သူက အေးတိအေးစက် ပြောသည်။

" လူသိမခံနိုင်တဲ့ ကိစ္စမျိုး လုပ်ထားပြီးတော့မှ လူပြောခံရမှာ ကြောက်နေသေးတာလား! "

" မှန်.. မှန်ပါတယ် ၊ ဒုသခင်လေး ပြောတာ အဟုတ်ပါပဲ "

အိမ်တော်ထိန်းသည် ခေါင်းတရဆက်ညိတ်ကာ ခါးကိုင်းညွတ်လိုက်သည်။

သခင်နောက်လိုက်ခွေးပင်!

" အလုပ်သွားလုပ်ချေ "

ထိုလူက အိမ်တော်ထိန်းကို နှင်ထုတ်လိုက်ပြီး သည်ဘက်သို့ ပြန်လှည့်ကာ တလေးတစား ဆိုလိုက်သည်။

" ကျွန်တော်က လီပေါ်ထျန်းပါ ၊ ဂိုဏ်းချုပ်ချင်နဲ့ ရှန်သခင်လေးကို ဂါရဝပြုပါတယ် "

ငိုး!

ချောင်ချောင်း အကြောင်း ပြောနေတုန်း ချောင်ချောင်း ရောက်လာတယ်ဆိုတာ ဒါပဲ!

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now