အခန်း (၅၃) လူပျောက်သွားပြီ!

1.6K 169 3
                                    

အခန်း (၅၃) လူပျောက်သွားပြီ!

【ရှန်ရှောင်ရှို့က အလွန့်အလွန် ကံဆိုးတဲ့ ရှို့ကလေး ဖြစ်တယ်!】

( ** ရှို့ Shou = uke)

" မင်းကြည့်လေ ၊ ကိုယ်တောင် ကိုယ့် အသိစိတ်နဲ့ကိုယ် ပြောပြလာပြီပဲကို "

ချင်ရှောက်ယွီက သူ့ကိုယ်ကို သည်ဘက်ဆွဲလှည့်ကာ -

" တစ်ချက်လောက် ပြုံးပြပါဦး "

ရှန်ချန်းလင်သည် သူနှင့် အကြည့်ချင်းလွှဲလိုက်ပြီး ဘာမျှစကားမဆို။

ချင်ရှောက်ယွီသည် နဖူးချင်းတေ့ထားပြီး -

" ကိုယ် ဘယ်လိုလုပ်မှ စိတ်မဆိုးတော့မှာလဲ? "

" ........ ခေါင်းမူးတယ် "

ရှန်ချန်းလင်၏ အသံက သြရှအက်ကွဲလျက်။ ချင်ရှောက်ယွီသည် မျက်မှောင်ကြုတ်ကာ -

" အအေးမိသွားတာလား? "

" အိပ်လိုက်ရင် ကောင်းသွားမှာပါ "

ရှန်ချန်းလင်က စောင်ထဲသို့ တိုးဝင်ကာ ခွေနေတော့သည်။

စကားမပြောချင်သည်မှာ အသိအသာ။

ချင်ရှောက်ယွီသည် သူ့ခေါင်းလေးအား ပွတ်သပ်ပေးလျက် ရင်ထဲတွင် သက်ပြင်းချနေမိတော့သည်။

ရှန်ချန်းလင်သည် မျက်စိမှိတ်ထားသော်ငြား မျက်တောင်လေးများ တဆတ်ဆတ် တုန်ယင်နေ၏။

သူ့၏ ဤသို့နှယ် ပုံပန်းကို မြင်သော် ချင်ရှောက်ယွီလည်း ဘာမျှ ထပ်မမေးတော့ဘဲ လူကိုသာ ရင်ထဲ ဆွဲထည့်ပြီး ဖက်ထားလိုက်သည်။

သို့ကြောင့် ရှန်ချန်းလင်၏ စိတ်ထဲ ပို၍ တစ်ဆို့လာခဲ့တော့သည်။

တကယ်ကို ဆိုးဝါးစုတ်ပြတ်သတ်နေတာပဲ!

အိပ်ရေးပျက်ရခြင်း၏ အကျိုးသက်ရောက်မှုကြောင့် ဒုတိယနေ့ မနက်တွင် ရှန်ချန်းလင်မှာ အလွန်အကျွံ အိပ်စက်မိသွားတော့လေသည်။ သူမျက်လုံးဖွင့်လာသော အချိန်တွင် နေ့လယ်စာစားချိန်တောင် ကျော်သွားပြီဖြစ်၏။

သူ့ဘေးမှာ ဟာလာဟင်းလင်း။ အဲ့သည့် ဟိုတစ်ယောက် လုံးဝ မရှိနေ။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now