Unicode>>
အခန်း (၃၀) တကယ်ပဲ သည်းသည်းလှုပ်ချစ်တာနော်!
【ထွက်ပြေးသွားတဲ့လူရှိတယ်!】
ကူပိုးကောင်များကို ဖယ်ရှားသန့်စင်ပြီးပြီ ဖြစ်သော်လည်း ယခင်က ခန္ဓာကိုယ်တွင်း၌ အတန်ကြာအောင် နေထိုင်ခဲ့ကြသည်မို့ ဒုတိယနေ့ မနက် နိုးနိုးချင်းတွင် ရှန်ချန်းလင်မှာ အနည်းငယ် ခေါင်းကိုက်ခဲကာ ကိုယ်ပူလာရတော့သည်။ လူက နုံးချိချိနှင့် တက်တက်ကြွကြွလည်း မရှိချေ။
" လေတိုက်ပြီး အအေးမိတာတော့ မဟုတ်ပါဘူးနော်? "
ပထမတစ်ကြိမ် ဟန်အဆိပ် ထကြွခြင်းအား ပြန်လည် အမှတ်ရမိတော့ ရှန်ချန်းလင်မှာ အလိုလိုနေရင်း တုန်တက်သွားမိ၏။
ထိုသို့ အရိုးများကိုပင် ခြစ်ထုတ်နေသကဲ့သို့ နာကျင်မှုမျိုးကို သည်ဘဝမှာတင် ဒုတိယအကြိမ်တော့ မခံစားလိုပါလေ။
" မဖြစ်ပါဘူး "
ချင်ရှောက်ယွီသည် လက်ကိုင်ပဝါတစ်ထည်ကို ရေညှစ်ပြီး သူ့နဖူးပေါ်တင်ပေးလိုက်ရင်း ပြောသည်။
" ဟွားထန်ပြောတယ်လေ.. မင်း သည်တစ်ခါတော့ သေရည်အမူးသောက်ထားလို့ဖြစ်ရုံတဲ့.. နောက်ထပ် တစ်ရက်နှစ်ရက်လောက် အိပ်ပြီးသွားရင် ဘာမှမဖြစ်တော့ဘူး "
" အဲ့တာဆို ပြီးတာပဲ "
ရှန်ချန်းလင်မှာ ထိုစကားကြားမှ စိတ်ချသွားတော့သလို အသက်ရှူချောင်သွားတော့သည်။ သူက ပျင်းရိပျင်းတွဲဖြင့် တဝါးဝါး သမ်းလိုက်သည်။
သို့ဖြင့် သူ့ကို မြန်မြန်လေး ပြန်ကောင်းနိုင်စေရန် ချင်ရှောက်ယွီသည် ယတိပြတ်ပင် မြို့ပြင်ဘက်ရှိ ရေပူစမ်းသို့ ခေါ်သွားလိုက်တော့သည်။ ဒါ့အပြင် သူက ငွေတွေ အထပ်လိုက်ထုတ်ကာ တစ်နေရာလုံး အပြတ်ငှါးပစ်လိုက်သေးသည်လေ။ ထို့ကြောင့် ပြည်သူများလည်း ဤဖြစ်အင်အပေါ် နားလည်နိုင်ကြောင်း အဝ,ဝ ဖော်ပြကြတော့သည်။
ယောကျ်ားလေးကိုး! ယောကျ်ားလေးတွေရဲ့ တစ်ဦးတည်း ပိုင်ဆိုင်လိုစိတ်ကိုး!........ တခြားလူတွေကို ကိုယ့်နှလုံးသည်းပွတ်ထက် ချစ်သည်းညှာလေးကို ဘယ်အမြင်ခံချင်မလဲ! သည်လိုကိစ္စတွေက နည်းနည်းလေးမှ မထူးဆန်းဘူးနော်!
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Ficción históricaစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း