အခန်း(၁၇) ထွက်ခွာခြင်း

1.6K 199 7
                                    

Unicode>>

အခန်း(၁၇) ထွက်ခွာခြင်း

【သစ်လွင်သောခရီးသစ်တစ်ခု၏အစ】

" လင်အာ "

အထုပ်အပိုးပစ္စည်းများ သိမ်းဆည်းပြီးခါစတွင်ပင် ရှန်ချန်းဖုန်းက ဝင်လာခဲ့တော့သည်။

" အစ်ကိုကြီး "

ရှန်ချန်းလင်က သမ်းဝေလိုက်၏။

ရှန်ချန်းဖုန်းက ရယ်ရခက် ငိုရခက်ဖြင့် -

" အိပ်ရေးမဝသေးဘူးလား? "

" မနေ့ညက ကောင်းကောင်း မအိပ်ရတာပါ "

ရှန်ချန်းလင်က သူ့အတွက် လက်ဖက်ရည်တစ်ပန်းကန်ငှဲ့ပေးလိုက်သည်။

" အစ်ကိုကြီး ကျွန်တော့်ကို ရှာတာ ဘာကိစ္စရှိလို့လဲ? "

" အဖေပြောတာ ကြားတာတော့ သူက မင်းနဲ့ရှောက်ယွီကို အတတ်နိုင်ဆုံး မြန်မြန်လေး တောင်ပင်လယ်ကို သွားခိုင်းဖို့ လုပ်မှာတဲ့ "

ရှန်ချန်းဖုန်းက ဆိုသည်။

" လမ်းခရီးတစ်လျှောက်မှာ တိတ်တဆိတ် ကာကွယ်စောင့်ရှောက်မဲ့လူတွေ ပါလာမှာ ဆိုပေမဲ့လည်း.. အကယ်လို့ မတော်တဆ ဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရင် တခြားလူကိုပဲ အမြဲမှီခိုနေလို့မရဘူးလေ "

ရှန်ချန်းလင်က မဲ့ရှုံ့သွားတော့သည်။

" ထပ်ပြီး သိုင်းပညာ သင်ရဦးမှာလားဗျာ? "

" မလိုပါဘူး "

ရှန်ချန်းဖုန်းက ခေါင်းခါလေသည်။

" မင်းက တုံးလွန်းအားကြီးတယ်၊ သင်လို့လည်း မတတ်ဘူး "

ရှန်ချန်းလင် - " ..... "

အဲ့သည်လောက်ကြီး တည့်ကြီးပြောမှရမှာလားဗျ!

" ဒါလေး မင်းကို ပေးမယ် "

ရှန်ချန်းဖုန်းက သူ့ထံ သစ်သားဘူးတစ်ခု လှမ်းပေးလေသည်။

" ဘာကြီးလဲ? "

ရှန်ချန်းလင်က လှမ်းယူလိုက်ကာ ဖွင့်ကြည့်ရန် ပြင်လိုက်သည်။ သို့ရာ သူလက်က ဖိထိန်းခံလိုက်ရသည်။

" အခုချိန်သုံးလို့မရဘူး "

" ........ လျှို့ဝှက်လက်နက်? "

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now