အခန်း (၅၉) ချန်းဝုရွှေကျိုက်!
【မအေးချမ်းဘူး】
" ကောင်းပါပြီ "
ချင်ရှောက်ယွီက ခေါင်းညိတ်လိုက်သည်။
" ကိုယ်တို့ မြို့ထဲကို အရင်ဝင်မယ် "
" နှစ်ဦးသားရဲ့ ရထားလုံးပေါ်မှာ တို့ကိုပါ ခေါ်သွားပေးနိုင်မလားမဘူးနော်? "
ယင်ဝူရွှမ်းက ရုတ်ခြည်း ဆို၏။
ရှန်ချန်းလင် ကြားသော် -
သောက်ပိုတွေ။ အဲ့တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
" သြော်? "
ချင်ရှောက်ယွီက မျက်ခုံး ခပ်ဆဆ ပင့်သွားသည်။
မင်းဘိုးအေကြီး သြော်!
သည်လိုအချိန်မျိုးမှာ ချက်ချင်း ငြင်းဆန်ရမယ်ဆိုတာ သိရဲ့လား!
ရှန်ချန်းလင်သည် အင်မတန် စစ်မှန်သော ၊ ထို့အပြင် အင်မတန် ဖြူစင်သော မျက်လုံးလေးဖြင့်။ တကယ်ပဲ ပွင့်အာရန် ဖူးငုံနေသော အဖြူရောင် ပန်းပွင့်ငယ်လေးအလား။
" ကျွန်တော်တို့ ရထားလုံးက အင်မတန် သေးငယ်လှပါတယ်။ ဂိုဏ်းချုပ်ကို အနစ်နာခံခိုင်းရမှာ စိုးရွံ့မိသားနော် "
ချင်ရှောက်ယွီ၏ နှုတ်ခမ်းများက ကော့ညွတ်တက်သွားပြီး ဘာမျှ ဝင်မပြောချေ။
" ကိစ္စမရှိပါဘူး "
ယင်ဝူရွှမ်းသည် ခပ်အေးအေးပင် ထိုစကားနှစ်လုံးကို ပစ်ချပြီး ရထားလုံး၏ အခြေက ခုံကို နင်း၍ ရထားလုံးပေါ် တက်သွားတော့၏။ သူက ရှန်ရှောင်ရှို့အား အဆင့်အတန်းမြင့်မားပြီး အေးစက်ကြော့ရှင်းသော ကျောပြင်တစ်ခုကိုသာ ချန်ထားပေးခဲ့လေသည်။
ရှန်ချန်းလင် - .......
မင်းနည်းနည်းလောက် ပိုပြီး အလိုက်မသိဘဲနေရဲဦးမလား!
" လင်အာ? "
ချင်ရှောက်ယွီက သူ့ခေါင်းလေးကို ပွတ်ကာ -
" ဘာတွေ ငေးငိုင်နေတာလဲ "
ရှောင်စန်းက ဧည့်ခန်းထဲ တက်ထိုင်နေမဲ့ ဖြစ်ရပ်မျိုးဆိုတာ လုံးဝ သည်းခံနိုင်စရာ မရှိဘူးနော်!
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း