အခန်း (၈၂) ဂိုဏ်းချုပ်ချင်က တာဝန်သွားဆောင်ရွက်နေတယ်!
【သူတို့အကြံအစည်နဲ့ သူတို့ကို အကွက်ပြန်ချမယ်】
ချင်ရှောက်ယွီသည် ရှန်ချန်းလင်အား ပွေ့လျက် တည်းခိုဆောင်သို့ ပြန်လာပြီးနောက်တွင် လူကို တစ်ခါတည်း ခုတင်ပေါ်ချလျက် ဖိချုပ်ပြီး လျှာသုံးကာ အားပါးတရ အနမ်းမိုးရွာလိုက်သေးသည်။
"လူစိတ်ရော ရှိသေးရဲ့လားနော်!"
ရှန်ရှောင်ရှို့က အားနည်းဟန်ဖြင့် သူ့ကို ခုခံကာ ပြောသည်။
"မင်းကြည့်ဦး ငါ သည်လောက်အပြင်းအထန် နေမကောင်းဖြစ်နေတာကို"
"ကိုယ့်ကိုယ်ကိုယ် ကျိန်စာတိုက်ခွင့်မပြုဘူးနော်"
ချင်ရှောက်ယွီက သူ့ပါးလေးအား ညှစ်ကာ ဆို၏။
"ယားတယ်!"
ရှန်ချန်းလင်ကလည်း လက်ဝါးဖြင့် ရိုက်ထုတ်ကာ တက်တက်ကြွကြွဖြင့် မေးသည်။
"ငါ သရုပ်ဆောင်တာ ကောင်းလား?"
"သေချာပေါက် ကောင်းတာပေါ့"
ချင်ရှောက်ယွီက သူ့ပါးပြင်ကို ကိုက်လိုက်သည်။
"သည်နေ့ကနေစပြီး မင်း တည်းခိုဆောင်ထဲမှာ အိပ်နေရုံပဲ၊ ကျန်တဲ့ကိစ္စတွေကို ကိုယ်ပဲ ဆက်လုပ်လိုက်မယ်"
"ဘယ်လောက်ကြာအောင် အိပ်ရမှာတုန်း?"
ရှန်ချန်းလင်က မေးသည်။
"အရမ်းကြီးတော့ မကြာပါဘူး"
ချင်ရှောက်ယွီသည် သူ့ဆံနွယ်များကို သပ်ရပ်အောင် ပြင်ပေးရင်း -
"ကိုယ်လည်း မင်းကို အခန်းထဲမှာပဲ မွန်းကြပ်နေပြီး အပြင်မထွက်ရဘဲ မနေခိုင်းရက်ပါဘူး"
"အဲ့တာဆို မင်းလည်း သတိထားနော်"
ရှန်ချန်းလင်က သူ့လည်တိုင်ကို ဖက်တွယ်ကာ -
"ဒဏ်ရာမရစေနဲ့"
"အွန်း"
ချင်ရှောက်ယွီက ပြုံးလျက် သူ့ကို ကြည့်ကာ -
"ကိုယ့်ကို ဗိုက်ကလေး ပေးနမ်းပါလားဟင်?"
ရှန်ချန်းလင် - ...........
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း