အခန်း (၉၇) မိစ္ဆာဂိုဏ်းက ဆိုးဝါးလွန်းလို့ သေတော့မယ်!
【တိုက်ပွဲဝင်ရမှာပေါ့ သူရဲကောင်းရေ!】
မည်သို့ပင် နှမြောပါစေ ပြန်သွားရမည်သာ။ ထပ်ပြီးတော့ ပြန်လာဖြစ်ဦးမှာပါပဲလေ။
ထွက်ခွာရမည့်နေ့၏ ရှေတစ်ရက် ညနေခင်း ဆည်းဆာချိန်တွင် ရှန်ချန်းလင်နှင့် ချင်ရှောက်ယွီသည် ခေါင်မိုးပေါ်၌ ပခုံးချင်းယှဉ်လျက် ထိုင်နေကြရင်း လေအေးခံကာ နေဝင်ချိန်ကို ကြည့်နေကြသည်။
တကယ်ပဲ အရမ်းအရမ်းကို ချစ်ကြတာနော်!
"ကျီ!"
အမွေးလုံးလေးသည် သူတို့ဘေးကနေ ခုန်ဆွခုန်ဆွနှင့်။
တုံးတုံးအအလေးပေမဲ့ ချစ်စရာကောင်းပြီး ပျော်ရွှင်မြူးထူးနေတာများ!
"အေးလား?"
ချင်ရှောက်ယွီက သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
"မအေးဘူး"
ရှန်ချန်းလင်သည် သူ့ရင်ခွင်ကို မှီလျက် မိုးကုပ်စက်ဝိုင်းအဆုံးထိ ဖြာလင်းနေသော နေညိုဆည်းဆာကောင်းကင်ကို ကြည့်နေသည်။
ချင်ရှောက်ယွီသည် ကြည့်ရင်း ရင်ခုန်လာသဖြင့် ရှန်ချန်းလင်၏ နှုတ်ခမ်းဖျားလေးကို ခပ်ဖွဖွ နမ်းရှုပ်လိုက်သည်။
"ကျီ!"
ဇာမဏီငယ်လေးကတော့ ဘေးကနေ ကြည့်ပြီး ပျော်နေဟန်ပါပင်။
အကြင်နာအနမ်း ပေးပြီးနောက် ချင်ရှောက်ယွီက သူ့ပါးကို ညှစ်လျက် ဆိုလိုက်သည်။
"ညလယ်မှာ ထွက်ခွာမှာဆိုတော့ စောစောလေး သွားနားရင် မကောင်းဘူးလား?"
ရှန်ချန်းလင်က ခေါင်းညိတ်သဖြင့် သူ့ကို ပွေ့ချီကာ အိပ်ခန်း ပြန်လာလိုက်တော့သည်။
အမွေးလုံးဟာလည်း လှုပ်တုပ်ကလေး အိပ်ခန်းထဲ လိုက်ဝင်ပြီး အသိုက်အိမ်လေးထဲတွင် မှောက်ကာ ဝါးသမ်းသည်။
ကြည်လင်သာယာသော အချိန်အခါလေးသည် အလွန်ပင် ငြိမ်းအေးကာ လှပနေတော့၏။ ညအချိန်ရောက်သော် ခြံဝန်းထဲရှိ မီးပုံးများသည် လေအဟုန်ကြောင့် လှုပ်ခါရမ်းလာ၏။ ဇာမဏီကြီးနှစ်ကောင်ဟာ ကောင်းကင်တွင် ဝဲပျံပြီးနောက် ခြံထဲသို့ သက်ဆင်းလာခြင်းပင်။
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Tiểu thuyết Lịch sửစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း