အခန်း (၁၄) လူ့လောက၏သုခဘုံ

1.5K 200 15
                                    

Unicode>>

အခန်း (၁၄) လူ့လောက၏သုခဘုံ

【အချိန်နောက်ပြန်ခရီးသွားပြီးနောက်ရလာတဲ့ကြေကွဲဖွယ်ရာခန္ဓာကိုယ်】

" ခင်ပွန်းသည်ရဲ့ပစ္စည်း မထောင်နိုင်တော့ရင် ဇနီးလေးက ခင်ပွန်း အရှင်လတ်လတ်ရှိရက်နဲ့ မုဆိုးမဖြစ်နေတော့မှာမလား "

ချင်ရှောက်ယွီက စနောက်လေသည်။

" ပါးစပ်ပိတ်ထားစမ်း! "

ရှန်ချန်းလင်က ခပ်မာမာပင်။

" ငါက မင်းနဲ့ ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူးနော်! "

" ဘာလို့လဲ? "

ချင်ရှောက်ယွီက မေးသည်။

ဒီလိုကိစ္စမျိုးမှာ ဘာလို့လဲ မေးစရာလိုသေးလို့လား?

ရှန်ချန်းလင်က ဆက်လက်ပြီးတော့ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

" ဘာလို့လဲဆိုတော့ မင်းမှာ ရင်သားတွေ မရှိလို့! "

ချင်ရှောက်ယွီ - " ...... "

" ငါ့အဖေနဲ့ အမေနဲ့က ဘာလို့ ငါ့ကို မင်းနဲ့ ဇွတ်အတင်း လက်ထပ်ခိုင်းနေလဲ ငါမသိပေမယ့် ငါကတော့ လုံးဝ လုံးဝ သဘောတူမှာ မဟုတ်ဘူးနော်! "

ရှန်ချန်းလင်က ခုတင်ထက်တွင် တင်ပျဉ်ခွေထိုင်၍ ပြောသည်။

" အဲ့တာကြောင့် မင်း မိန်းမယူပြီး ကလေးမွေးတာကို အနှောင့်အယှက်ဖြစ်အောင် မလုပ်ချင်ဘူး.. ငါတို့ စောစောစီးစီး လမ်းခွဲတာပဲ ကောင်းပါတယ် "

" မိန်းမယူပြီးကလေးမွေး? "

ချင်ရှောက်ယွီ၏ နှုတ်ခမ်းဖျားများ ကော့တက်သွားပေ၏။

မင်းဘာသာ မိန်းမမယူချင်လို့ အပျော်ရှာပြီး ပွေချင်လည်း ပွေပေါ့! !

ရှန်ချန်းလင်က‌တော့ အေးဆေးပင်။ သူ့ကို လာမရှုပ်လျှင်တော်ပြီ။

" အတိတ်မေ့သွားပြီးနောက်ပိုင်း အရင်ကထက် ပိုပြီး ချစ်စရာကောင်းလာတယ် "

ချင်ရှောက်ယွီက သူ့မေးစေ့ကို သူပွတ်သပ်၍ ပြောလာသည်။

" အရင်က ငါက ဘယ်လိုပုံစံလဲ? "

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now