အခန်း (၃၃) စုတ်ပြတ်သတ်နေတဲ့ရပ်နားစခန်း!

1.7K 178 23
                                    

Unicode>>

 အခန်း (၃၃) စုတ်ပြတ်သတ်နေတဲ့ရပ်နားစခန်း!

【ဘာဆိုဘာမှ မမြင်လိုက်ဘူးနော်】

ရှန်ချန်းလင်၏ ယခုကဲ့သို့သော သိသိသာသာ ချစ်စဖွယ်ကောင်းအောင် ချွဲနွဲ့ပြခြင်းကို ရင်ဆိုင်ရသော် ချင်ရှောက်ယွီ၏ နှုတ်ခမ်းထောင့်စွန်းများသည် ထိန်းမနိုင်၊ သိမ်းမရဖြစ်စွာဖြင့် ထိုသူကို ငေးကြည့်မိနေတော့သည်။

မင်းက ဒါဘယ်လို အသည်းယားစရာ အမူအရာကြီးလဲ!

ရှန်ချန်းလင် ရင်ထဲအေးကနဲ။ အမွေးများပင် ထောင်လာသလိုလို။

သို့သည့်တိုင် သူသည် အပြင်ပန်း၏ ရိုးသားဖြူစင်ကာ ချစ်စဖွယ်ကောင်းသော ပုံရိပ်က‌လေးကို ဆက်လက်ထိန်းသိမ်းထားပြီး မျက်လုံးများကဆိုလျှင် ကြယ်စင်လေးများ ခုန်ထွက်လာတော့မလားပင် ထင်ရလေသည်။

" အဲ့ကိစ္စက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး "

ချင်ရှောက်ယွီက သူ့ပါးလေးကို ဆွဲညှစ်ကာ ဆိုသည်။

" ချန်းဝုရွှေကျိုက်နဲ့ ဒီနဲ့က နည်းနည်းတော့ ဝေးတယ်၊ ဒါပေမဲ့ ချုံဟွားတောင်ကြားကတော့ ဒီကနေဆို ရက်အနည်းငယ် ခရီးပဲ "

" အဲ့တာဆို ငါတို့ ဘယ်အချိန် စပြီး ထွက်ခွာမလဲ? "

ရှန်ချန်းလင်က ပျော်ရွှင်စွာမေးသည်။

" အဲ့တာကတော့ မင်းလုပ်ဆောင်မှုကို ကြည့်ရမှာပဲ "

မင်းမေ! ဒါတောင် ငါ့လုပ်ဆောင်မှုကို ကြည့်ဦးမယ်!

ရှန်ချန်းလင်သည် စိတ်ဆိုးလှပေ၏။

အောက်တန်းကျတဲ့ကောင်!

" ယောကျ်ားလို့ တစ်ခွန်းလောက် အရင် ခေါ်ကြည့်ပါဦး "

ချင်ရှောက်ယွီက အင်မတန်ပင် ပိတ်ထိုးခံချင်နေပုံရ၏။

" ဧကန္တ ငါ့ဘာသာငါ မသွားတတ်ဘူးများ ထင်နေတာလား! "

ရှန်ချန်းလင်က သူ့ကို စိုက်ကြည့်လိုက်သည်။

" မင်း စမ်းကြည့်လိုက်စမ်းပါ "

ချင်ရှောက်ယွီက ခပ်အေးအေးပင် ပြောသည်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now