အခန်း (၈၁) နေမကောင်းချင်ယောင်ဆောင်ကြမယ်!
【တကယ် အစစ်နဲ့ တူမှတူပဲ!】
"မင်းလည်း ယင်လော့ရွှယ်ကို သွားကြည့်မလို့လား?"
ချင်ရှောက်ယွီက အံ့အားသင့်လျက်။
"မရဘူးလား?"
ရှန်ချန်းလင်က မတင်မကျနှင့်။
"သေချာပေါက် ရတာပေါ့"
ချင်ရှောက်ယွီက သူ့စကားကို အမြဲတစေ နာခံနေသည့်အလား။
"ဒါပေမဲ့ ဘာလို့ သူ့ကို သွားတွေ့ဖို့ စိတ်ကူးရသွားတာလဲ?"
"တစ်လျှောက်လုံး ဘာမှမလုပ်ဘဲ ထိုင်နေလို့တော့ မရဘူးမလား"
ရှန်ချန်းလင်က ထိုင်ခုံပေါ်တွင် ထိုင်ကာ -
"မင်းက သိုင်းလောကထဲကလူလေ၊ ငါလည်း ပိုပြီး နားလည်အောင် ကြိုးစားသင့်တယ်"
ချင်ရှောက်ယွီက သူ့ပါးပြင်လေးအား နမ်းရှုံ့လျက် -
"သည်စကားလေး ကိုယ်သဘောကျတယ်"
"ပြီးတော့ နောက်ထပ် တခြားအကြောင်းအရင်း တစ်ခု ရှိသေးတယ်!"
ရှန်ရှောင်ရှို့သည် အလွန်ပင် သဘောထားသေးသိမ်စွာ ပြောလာသည်။
"မင်း နောက်ဆို ယင်ဝူရွှမ်းကို တစ်ယောက်တည်း သွားတွေ့ခွင့် မရှိဘူး!"
မနေ့ကတော့ ခါးစည်းမရှိတော့ဘူး! မတော်လို့ ဒီနေ့ကျ ဘောင်းဘီပါ မရှိတော့ရင်ရော!
တကယ်ပဲ ဆိုးဝါးပြင်းထန်လိုက်တာ!!
ချင်ရှောက်ယွီ - ..........
ရှန်ချန်းလင်က အလွန်ပင် သြဇာရှိစွာ ပြောသည်!
ငါကမှ တကယ့်တရားဝင် အိပ်ခန်းကလေ!
"ဇနီးလေးက အတွေးများနေပါပြီ။ ယင်ဝူရွှမ်း ဆယ်ယောက်ပေးရင်တောင် မင်းတစ်ယောက်ကို မကျော်နိုင်ပါဘူးဆို"
ဂိုဏ်းချုပ်ချင်က အခွင့်ရေး အမိအရဖမ်းလျက် ချစ်စကားကြိုက်စကားလေးများ ဆိုသည်။
"အဲ့တာ သေချာတာပေါ့!"
ရှန်ရှောင်ရှို့က ကိုယ့်ကိုယ်ကိုယ် ဂုဏ်မောက်တာများ ဟိုဒင်းထက်သာသေးသည်!
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Tiểu thuyết Lịch sửစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း