Unicode>>
အခန်း (၂၇) လက်ဆောင်လေးတစ်ခုပေးမယ်!
" ပြန်ချင်ပြီလား? "
ချင်ရှောက်ယွီက သူ့ကို မေးသည်။
ရှန်ချန်းလင်သည် ယတိပြတ် ခေါင်းညိတ်ပြ၏။
တကယ်လို့ ချကြမယ်ဆိုတောင် သူများအိမ်မှာတော့ မလုပ်ကြနဲ့လေ! ဒီမှာက မွေးနေ့ပွဲကျင်းပနေတာကြီးကို! !
" ဆရာ.. လူကြီးမင်ဝမ် ၊ ကျွန်တော်နဲ့ လင်အာနဲ့ အရင်ပြန်သွားတော့မယ်နော် နှုတ်ဆက်ပါတယ် "
ချင်ရှောက်ယွီက တလေးတစားနှုတ်ဆက်လိုက်၏။
လူကြီးမင်းခမျာ လေးငါးချက်လောက် ဆက်တိုက် ခေါင်းညိတ်ပြတော့သည်။
မလွယ်ဘူး တကယ်မလွယ်ဘူး.. နောက်ဆုံးတော့ မိမိမျိုးရိုးကို မှန်အောင်ခေါ်ခံရပြီလေ!
" ရောက်တောင် ရောက်နေမှတော့ ညစာစားပွဲကို စားပြီးမှ ပြန်လေ "
ရှောင်းကျန်က ဝင်တား၏။
လူကြီးမင်းမှာ ငိုမဲ့မဲ့ ဖြစ်နေချေပြီ။ မစားလည်း ကိစ္စမရှိပါဘူးဟု အလွန်ပင် ပြောချင်နေသည်။ အခုလက်ရှိ အခြေအနေ ကြည့်ရတာ တိုက်ကြခိုက်ကြတော့မည်မှာ မလွဲဧကန်။ ငတုံးဆိုလျှင်တောင် ဤမိုးသက်လေပြင်းထန်တော့မည့် အရိပ်အခြေကို ခန့်မှန်း ကြည့်နိုင်သည်လေ။
ခင်ဗျားတို့ အားလုံး မြန်မြန်လေးသာ သွားကြပါတော့.....
တကယ်ပဲ ငိုတောင်ငိုချင်လာပြီ.. အစောကြီးတကည်းက သိုင်းလောကသားတွေကို ဖိတ်ကို မဖိတ်သင့်တာ!
အပြင်မှာ ဂုဏ်ရှိတာတော့ မှန်ပေမဲ့ ရန်ဖြစ်ရင် တစ်ခြံဝန်းလုံး တစ်စစီရိုက်ချိုးခံရမှာ မလွဲပင်။
" ကျွန်တော်.. ကျွန်တော်.. ကျွန်တော်တို့ အခုပဲ ပြန်ပါ့မယ် "
ဒီကဦးလေးကြီး ငိုတော့ မငိုလိုက်ပါနဲ့နော်!
ရှန်ချန်းလင်မှာ ထိုသူ့မျက်နှာအမူအရာကြောင့် ထိတ်လန့်သွားပြီး ပြောသည်။ သူသည် ဤဦးလေးကြီးဝမ်အား အင်မတန် အားနာမိကာ ချင်ရှောက်ယွီကို တွန်းပြီး အပြင်သို့ ဇွတ်ထွက်လိုက်သည်။
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Tiểu thuyết Lịch sửစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း